Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၂ ရက်အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

– သီတင်းကျွတ်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် အထူးရထားခရီးစဉ်များပြေးဆွဲမည် (၁၂/၁၀/၂၀၂၄ MOI)
– မိုးယွန်းကြီးအင်းအတွင်း၌ ငါးမျိုးစိတ်နှစ်မျိုးအား မှတ်တမ်းအသစ်တင်နိုင်ခဲ့ (၁၁/၁၀/၂၀၂၄ MDN)
– (၈၆) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ (၁၂/၁၀/၂၀၂၄ MOI)
– ပဲမျိုးစုံနှင့်ပြောင်းတင်ပို့မှုတွင် ပထမခြောက်လပတ် သတ်မှတ်လျာထားချက်ထက် ကျော်လွန်အောင် တင်ပို့နိုင်သည်ကို တွေ့ရှိ (၁၂/၁၀/၂၀၂၄ MOI)
– FIFA နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲ ဘောလုံးပြိုင်ပွဲကို MRTVမှ တိုက်ရိုက်ထုတ်လွှင့်မည် (၁၂/၁၀/၂၀၂၄ MRTV)
– ခေတ်မီဒီဇယ်လျှပ်စစ် (DEMU) ရထားတွဲဆိုင်းများဖြင့် အမှတ် (၁၅) အဆန် ရန်ကုန်-ပဲခူးနှင့် (၁၆) အစုန် ပဲခူး-ရန်ကုန်ခရီးစဉ် ရထားပြေးဆွဲပေးမှု ရထားစီးခရီးသည်စီးနင်းမှု များပြားလျက်ရှိ (၁၂/၁၀/၂၀၂၄ MRTV)
– ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်များအတွင်း အုပ်စုဖွဲ့ခါးပိုက်နှိုက်မှု ကျူးလွန်ခဲ့သူများအား သက်သေခံ Tablet တစ်လုံး၊ လက်ကိုင်ဖုန်း ၂၂ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ (၁၁/၁၀/၂၀၂၄ MOI)
– ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲတော် ကျင်းပမည် (၁၂/၁၀/၂၀၂၄ မြန်မာ့အလင်း)
– ပြည်ပနိုင်ငံများ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ် ကောင်းမွန်လျက်ရှိ (၁၂/၁၀/၂၀၂၄ MRTV)
– ၁၉ ကြိမ်မြောက် ကလောမြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံ ထွန်းညှိပူဇော်ပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပမည် (၁၂/၁၀/၂၀၂၄ မြန်မာ့အလင်း)
– လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ (၁၁/၁၀/၂၀၂၄ MDN)