Connect with us

Politics, Law & Military

ဆဋ္ဌအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး ဝူးလူမုချီတွင် ဖွင့်လှစ်

ဝူးလူမုချီ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ဝူးလူမုချီတွင် ဆဋ္ဌအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၁၄ ရက်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။“ဉာဏ်ရည်တုနည်းပညာနှင့် မီဒီယာအသွင်ကူးပြောင်းရေး” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသော အဆိုပါ ထိပ်သီးအစည်းအဝေးကို နိုင်ငံနှင့် ဒေသ ၁၀၆ ခုမှ လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ပင်မမီဒီယာများ၊ အစိုးရပိုင်သတင်းဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၀၈ ခုမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။ထိုအစည်းအဝေးကို ဆင်ဟွာသတင်းအေဂျင်စီနှင့် ရှင်းကျန်းဒေသဆိုင်ရာအစိုးရတို့က ပူးတွဲ၍ ကြီးမှူးကျင်းပခြင်းဖြစ်သည်။ (Xinhua)
—————————–
(English Version)
6th World Media Summit opens in Urumqi
URUMQI, Oct. 14 (Xinhua) — The 6th World Media Summit opened on Monday morning in Urumqi, capital city of northwest China’s Xinjiang Uygur Autonomous Region.
Themed “Artificial Intelligence and Media Transformation,” the summit gathered over 500 participants from 106 countries and regions, including representatives of 208 mainstream media outlets, government agencies and international organizations.
The event was co-hosted by Xinhua News Agency and the regional government of Xinjiang.
Photo: This photo shows an installation marking the sixth World Media Summit outside the Xinjiang International Convention and Exhibition Center, venue of the Summit, in Urumqi, northwest China’s Xinjiang Uygur Autonomous Region, Oct. 13, 2024. (Xinhua/Ding Lei)