Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ကုလသမဂ္ဂ အနာဂတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီတို့ အောက်တိုဘာ ၁၄ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။ ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် နှစ်ဖက်အနေဖြင့် တရုတ်-အီရန် ဆက်ဆံရေးကို အပြုသဘော သုံးသပ်မှုပြုခဲ့ကြပြီး အလွှာစုံကူးလူးဆက်ဆံမှုကို ထိန်းသိမ်းကာ လက်တွေ့ပူးပေါင်း ဆောင်ရွက်ရေး တွန်းအားပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။အာဘက်စ် အာရက်ချီက အီရန်နိုင်ငံအနေဖြင့် လက်ရှိဒေသတွင်းအခြေအနေ ဘက်စုံ အရှိန်အဟုန်မြင့်တက်လာသည့် အန္တရာယ်အပေါ် အထူး စိုးရိမ်ကြောင်း၊ ပဋိပက္ခ တစ်ဆင့်တိုး ကျယ်ပြန့်လာမည်ကို မမြင်လိုကြောင်း ပြောကြားခဲ့သည်။ အီရန်နိုင်ငံက နိုင်ငံတကာရေးရာတွင် တရုတ်နိုင်ငံ၏အရေးကြီးသည့် သက်ရောက်မှုကို အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားကာ သံတမန်နည်းလမ်းဖြင့် အခြေအနေများပြေလျော့ရေး တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း၊ အစ္စရေးအနေဖြင့် အန္တရာယ်စွန့်စားမှုကို ရှောင်ကြဉ်ပြီး သတိထားဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက လက်ရှိ ဂါဇာပဋိပက္ခ အနုတ်လက္ခဏာသက်ရောက်မှု ပြင်ပသို့ ယိုလျှံလာသည်မှာ ထင်ရှားပြီး ဒေသတွင်း တင်းမာမှုအခြေအနေများ အဆက်မပြတ် အရှိန်အဟုန် မြင့်တက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အဓိကပြဿနာများကို တွေ့ဆုံညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် အစဉ်အမြဲ လက်ကိုင်ထားကြောင်း၊ ပဋိပက္ခ ပြင်းထန်လာစေမှု၊ ပဋိပက္ခတိုးချဲ့လာမှုကို ဆန့်ကျင်သလို စစ်ရေးဖြင့် အန္တရာယ်စွန့်စားသည့် လှုပ်ရှားမှုများအား ဆောင်ရွက်ခြင်းကို ဆန့်ကျင်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှုအား ထိန်းသိမ်းကာကွယ်ရေး အကျိုးရှိစေသည့် လုပ်ဆောင်မှုများကို ပို၍ ဆောင်ရွက်ရန် ဘက်ပေါင်းစုံအား တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံကြီး၏ တာဝန်ကို ဆက်လက်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း၊ ကိစ္စရပ်၏ဖြစ်ပွားမှု အမှားအမှန်ပေါ်တွင် အခြေခံ၍ ဘက်ပေါင်းစုံနှင့် ဆွေးနွေးညှိနှိုင်းမှုများ မြှင့်တင်ပြီး နိုင်ငံတကာ ဘုံသဘောထားနှင့် အင်အားကို ပိုမို စုစည်းသွားကာ ပဋိပက္ခ ပြေလျော့ရေး တွန်းအားပေးမှုအတွက် အပြုသဘော အခန်းကဏ္ဍမှ ပါဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရန်အစိုးရအနေဖြင့် ကြားဝင်ညှိနှိုင်းမှု သံတမန်ဆက်ဆံရေးဖြင့် ဘက်ပေါင်းစုံနှင့် နားလည်မှုတိုးလာရေး၊ ဒေသတွင်း နိုင်ငံများဆက်ဆံရေးကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို တရုတ်နိုင်ငံက တွေ့မြင်လိုကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ အီရန်နှင့် ဆော်ဒီအာရေဗျ သမိုင်းဝင် ပြန်လည်သင့်မြတ်မှုကို ဖော်ဆောင်နိုင်ခြင်းအပေါ် တရုတ်နိုင်ငံက ထောက်ခံကြောင်း၊ တရုတ်-အီရန်-ဆော်ဒီအာရေဗျ သုံးနိုင်ငံပူးတွဲကော်မတီ ဒုတိယအကြိမ်မြောက် အစည်းအဝေးတွင် အပြုသဘောရလဒ်များ ရရှိစေရန်၊ အီရန်-ဆော်ဒီအာရေဗျ ရင်ကြားစေ့သင့်မြတ်ရေး ခိုင်မာစေရန် အတူတကွ တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း၊ ၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အပြုသဘောစွမ်းအားများ ဖြည့်တင်းသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————————
王毅同伊朗外长阿拉格齐通电话
新华社北京10月14日电 10月14日,中共中央政治局委员、外交部长王毅同伊朗外长阿拉格齐通电话。双方积极评价中伊关系,表示将保持各层级往来,推进务实合作。
阿拉格齐表示,伊朗对当前地区局势全面升级风险深感关切,不愿看到冲突进一步扩大。伊朗高度重视中方在国际事务中的重要影响,愿同中方加强沟通协调,以外交手段推动局势降温。以色列应当避免冒险,慎重行事。
王毅说,当前加沙冲突负面影响明显外溢,地区紧张局势不断升级。中方一贯主张通过对话协商解决热点问题,反对激化矛盾、扩大冲突,反对采取军事冒险行动,呼吁各方多做有利于维护地区和平稳定的事情。中方将继续展现负责任大国担当,从事情本身的是非曲直出发,加强同各方沟通,汇聚更多国际共识和力量,为推动冲突降温发挥建设性作用。

王毅表示,中方乐见伊朗政府开展斡旋外交,同各方增进了解,改善同地区国家关系。中方支持伊朗同沙特实现历史性和解,愿共同推动中伊沙三方联合委员会第二次会议取得积极成果,巩固伊沙和解势头,为地区和平稳定注入正能量。
1. 当地时间9月23日,习近平主席特别代表、中共中央政治局委员、外交部长王毅在纽约出席联合国未来峰会,发表题为《把握共同命运 共创美好未来》的致词。 新华社记者 李睿 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.