Connect with us

Videos

နေအိမ်အတွင်းထိ အေးအေးလူလူ လာရောက်လည်ပတ်သော မိတ်ဆွေဟောင်း ဆင်ကြီး

ယူနန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
မကြာသေးမီက ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားဒေသ မုန်လခရိုင်တွင် ဆင်ကြီးတစ်ကောင်က ဒေသခံတစ်ဦး၏ နေအိမ်ကို အေးအေးလူလူ ဝင်ရောက်လာခဲ့သည်။ အိမ်ပိုင်ရှင်နှင့် ညစာအတူတူစားနေသော သူငယ်ချင်းများက မကြောက်ကြရုံသာမက ဖုန်းယူပြီး အေးအေးဆေးဆေးပင် ဓာတ်ပုံရိုက်နေကြပါသည်။
အာရှဆင်သည် တရုတ်နိုင်ငံ၏ နိုင်ငံတော် ပထမအဆင့်ကာကွယ်စောင့်ရှောက်ထားသည့် တောရိုင်းတိရစ္ဆာန်ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ ကာကွယ်ထိန်းသိမ်းမှုများကြောင့် တရုတ်နိုင်ငံရှိ အာရှတောရိုင်းဆင်ကောင်ရေက ၁၉၇၀ ပြည့်နှစ်နှင့် ၁၉၈၀ ပြည့်နှစ်များတွင် အကောင်ရေ ၁၅၀ ခန့်ရှိရာမှ ယခုအခါ နှစ်ဆကျော် တိုးလာပြီး အကောင်ရေ ၃၀၀ ကျော် ရှိခဲ့ပါသည်။
ရှစ်ဆောင်ပဏ္ဏားဒေသက တရုတ်နိုင်ငံတွင် အာရှတောရိုင်းဆင်တွေ နေထိုင်ရာ အဓိက နေရာဖြစ်ပြီး ဒေသခံများ၏ နေအိမ်များထံ တောဆင်များ မကြာခဏ ဝင်ရောက်လေ့ရှိပါသည်။ (Xinhua)

……….
(Chinese Version)
悠闲!老朋友大象来我家串门
近日,云南西双版纳勐腊地区一头大象闲逛进入当地居民家中,屋主和一起吃饭的友人没有惊慌反而拿起手机冷静拍照。
据了解,亚洲象是中国一级保护野生动物。在多年保护下,中国野生亚洲象数量已经从20世纪七八十年代的150头左右,翻了一倍多。
西双版纳地区是它们在中国的主要栖息地,时常有野象进入居民家中的情况。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.