Connect with us

Asia

တရုတ် ဒုတိယသမ္မတနှင့် အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုတို့ တွေ့ဆုံ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုတို့ တွေ့ဆုံနေပုံကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုတို့က အောက်တိုဘာ ၁၉ ရက်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။တရုတ် သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်ဖြစ်သည့် ဟန်သည် အင်ဒိုနီးရှားအစိုးရ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၀ ရက်၌ ဂျကာတာတွင် ပြုလုပ်မည့် သမ္မတသစ် ပရာဘိုဝို ဆူဘီယန်တို၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကာ ၎င်း၏ အင်ဒိုနီးရှားခရီးစဉ်မှာ အောက်တိုဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။

 လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေး အဆင့်မြင့်မားစွာ တိုးတက်လာမှုကို ကြုံတွေ့ခဲ့ရကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအနေဖြင့် တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေးကို အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်သည့် ခေတ်သစ်ကာလဆီသို့ အဆင့်မြှင့်တင်ခြင်းအား အတူတကွ ဦးဆောင်ခဲ့ကြောင်း အဆိုပါ တွေ့ဆုံမှုအတွင်း ဟန်က ထည့်သွင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသော ကောင်းမွန်သည့် အစဉ်အလာကို ဆက်လက်ထိန်းသိမ်းရေး၊ ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် ပေါင်းစပ်ညှိနှိုင်းမှုကို နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရေး၊ အရည်အသွေးမြင့်မားသော ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုကို အတူတကွ အားပေးမြှင့်တင်ရေး၊ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းကဲ့သို့ အဓိက ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းများကို အဆင်ပြေချောမွေ့စွာ လည်ပတ်လုပ်ကိုင်နိုင်ရေး၊ စည်းလုံးညီညာမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှု၏ အခန်းကဏ္ဍသစ်ကို ဆက်လက်ရေးထိုးနိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိပါကြောင်း ဟန်က ပြောကြားခဲ့သည်။

သမ္မတ ဂျိုကိုဝီဒိုဒိုအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးအတွက် အစဉ်အမြဲ ထောက်ခံအားပေးကာ နှစ်နိုင်ငံအကြားက အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းရာတွင် ပံ့ပိုးကူညီသွားမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်းလည်း ဟန်က ဆိုသည်။

အင်ဒိုနီးရှားနှင့် တရုတ် နိုင်ငံအကြား ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမှာ မကြာသေးမီနှစ်များအတွင်း အရှိန်အဟုန်ကောင်းမွန်စွာဖြင့် တိုးတက်လျက်ရှိကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရာတွင်လည်း အကျိုးဖြစ်ထွန်းသော ရလဒ်များ ရရှိခဲ့သည်ဟု ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် နှစ်နိုင်ငံအကြား အထင်ကရ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတစ်ခုဖြစ်ကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု၏ အမှတ်သညာတစ်ခုဖြစ်ကြောင်း၊ အဆိုပါရထားလမ်းအား ထိရောက်အကျိုးရှိစွာ ဆက်လက်လည်ပတ်နိုင်ရေးအတွက် တရုတ်နိုင်ငံနှင့် အတူတကွကြိုးပမ်းသွားရန် အင်ဒိုနီးရှားနိုင်ငံက ဆန္ဒရှိပါကြောင်းလည်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးကို အလွန်အလေးအနက်ထားကြောင်း၊ အင်ဒိုနီးရှား အစိုးရသစ်၏ ဦးဆောင်မှုအောက်တွင် နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်များဆီသို့ ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဂျိုကိုဝီဒိုဒိုက ပြောကြားခဲ့သည်။ (Xinhua)

————————–
(English Version)
Chinese vice president meets with Indonesian President Joko Widodo
JAKARTA, Oct. 19 (Xinhua) — Visiting Chinese Vice President Han Zheng met with Indonesian President Joko Widodo here on Saturday.
At the invitation of the Indonesian government, Han, as the special representative of Chinese President Xi Jinping, will attend the inauguration of President Prabowo Subianto in Jakarta on Sunday and visit Indonesia from Saturday to Monday.
Han pointed out that the past 10 years have witnessed high-level development of China-Indonesia relations, and the two heads of state have jointly led the upgrading of China-Indonesia relations into a new era of building a community with a shared future.
Han said China is willing to work with Indonesia to carry forward the fine tradition of bilateral friendship and cooperation, deepen all-round strategic coordination, jointly promote high-quality Belt and Road cooperation, ensure smooth operation of major cooperation projects such as the Jakarta-Bandung high-speed railway, continuing to write a new chapter of solidarity, cooperation and mutual benefit.
It is hoped and believed that President Joko will, as always, support the development of bilateral relations and contribute to carrying forward the traditional friendship between the two countries, Han said.
Joko said that in recent years, the comprehensive strategic partnership between Indonesia and China has been developing with sound momentum and bilateral cooperation has achieved fruitful results.
Noting the Jakarta-Bandung high-speed railway is a landmark cooperation project between the two countries and a symbol of their friendship, Joko said Indonesia is willing to make joint efforts with China to continue to ensure efficient operation of the railway.
Indonesia attaches great importance to developing relations with China, he said, noting that under the leadership of the new Indonesian government, bilateral relations will continue to be lifted to new levels. Enditem
English Caption
Chinese Vice President Han Zheng meets with Indonesian President Joko Widodo in Jakarta, Indonesia, Oct. 19, 2024. (Xinhua/Gao Jie)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.