Connect with us

Media

နှစ်ပေါင်း ၆၀,၀၀၀ ကြာမှ ရောက်ရှိလာသည့် ကြယ်တံခွန်

ယူနန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် အောက်တိုဘာလလယ်တွင် အဝါရောင်အလင်းတန်းအမြီးပါသည့် ကြယ်တံခွန်တစ်လုံးက နက္ခတ္တဗေဒဝါသနာရှင်များအတွက် စူးစမ်းလေ့လာစရာ ဖြစ်လာခဲ့ပါသည်။
အဆိုပါ အံ့ဖွယ်နက္ခတ်တာရာမြင်ကွင်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ကျင့်နင်ခရိုင်နှင့် တာ့လီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ အယ်ယွမ်ခရိုင်တို့တွင် ဓာတ်ပုံဝါသနာရှင်များက Time-lapse နှင့် ပုံရိပ်ဖမ်းယူခဲ့ကြသည်။
ထိုကြယ်တံခွန်၏ အမည်မှာ ကျစ်ကျင်းဆန်း-အက်လက်စ် (Tsuchinshan–ATLAS) ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်က တရုတ်နိုင်ငံ ကျစ်ကျင်းဆန်း နက္ခတ္တဗေဒလေ့လာရေးအဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ ယင်းကြယ်တံခွန်၏ပတ်လမ်း လှည့်ပတ်ကာလမှာ နှစ်ပေါင်း ၆ဝ,ဝဝဝ ခန့်ရှိပြီး နှစ်ပေါင်း ၆ဝ,ဝဝ၀ ကြာမှသာ တစ်ကြိမ် ကမ္ဘာမြေသို့ချဉ်းကပ်လေ့ရှိကြောင်း သိရသည်။ (Xinhua)

…………………..
(Chinese Version)

六万年之约,彗星来了
2024年10月中旬,一颗带有黄色尾巴的彗星成为天文爱好者的观测热点。在云南省昆明市晋宁区和大理州洱源县,摄影爱好者用延时摄影捕捉了这一天文奇观。这颗彗星名为紫金山-阿特拉斯彗星,2023年1月9日由中国紫金山天文台发现,其轨道周期约6万年,每6万年才会接近地球一次。