Connect with us

China

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတသစ် Prabowo Subianto တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ ဒုတိယသမ္မတ ဟန်ကျိန့်သည် အောက်တိုဘာလ ၂၀ ရက်တွင် ဂျကာတာ၌ အင်ဒိုနီးရှားနိုင်ငံ သမ္မတသစ် Prabowo Subianto ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်၍ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဂျကာတာ၊ အောက်တိုဘာလ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ ဒုတိယသမ္မတ ဟန်ကျိန့်သည် အောက်တိုဘာလ ၂၀ ရက်တွင် ဂျကာတာ၌ အင်ဒိုနီးရှားနိုင်ငံ သမ္မတသစ် Prabowo Subianto ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ၎င်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဟန်ကျိန့်က သမ္မတ ရှီကျင့်ဖိန်၏ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုဝမ်းမြောက်ကြောင်းနှင့် ဆုမွန်ကောင်းစကားအား အင်ဒိုနီးရှားနိုင်ငံ သမ္မတ Prabowo ကို ဦးစွာ ပြောကြားခဲ့သည်။ သမ္မတ Prabowo သည် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တရုတ်နိုင်ငံသို့ ပထမဦးစွာ လာရောက်လည်ပတ်ခဲ့ရာ တရုတ်နိုင်ငံအပေါ် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုနှင့် တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အထူးအလေးထားမှုကို ထင်ဟပ်ကြောင်း ဟန်ကျိန့်က ပြောကြားခဲ့သည်။
သမ္မတရှီကျင့်ဖိန်နှင့် သမ္မတ Prabowo တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး ခိုင်မာနက်ရှိုင်းရေး အရေးကြီးသဘောတူညီချက်ရရှိခဲ့ကြောင်း၊ သမ္မတ Prabowo က တာဝန်ထမ်းဆောင်ကြောင်းမိန့်ခွန်းပြောကြားရာတွင် ရှင်းလင်းပြောကြားခဲ့သော စားနပ်ရိက္ခာ ကိုယ်ပိုင်ဖူလုံမှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စသည့် အရေးကြီးသော အဆိုပြုချက်များသည် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော လူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်နှင့် အထူးကိုက်ညီကြောင်း၊ သမ္မတ Prabowo နှင့် အင်ဒိုနီးရှားနိုင်ငံ အစိုးရသစ်တို့ အဆင်ပြေချောမွေ့စွာ အုပ်ချုပ်နိုင်ရေးတွင် တရုတ်နိုင်ငံက ထောက်ခံအားပေးမည်ဖြစ်ပြီး သမ္မတ Prabowo ၏ ဦးဆောင်မှုအောက်တွင် အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးတွင် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံ့ခေါင်းဆောင်များ၏ မဟာဗျူဟာမြောက်ဦးဆောင်မှုကို လိုက်နာကာ တရုတ်-အင်ဒိုနီးရှား အေးတူပူမျှ အသိုက်အဝန်း တည်ဆောက်ရေးကို အဆင့်သစ်တစ်ခုသို့ စဉ်ဆက်မပြတ် တက်လှမ်းရေး တွန်းအားပေးရန်၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်း၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို မြှင့်တင်ခြင်းတွင် အားဖြည့်အကျိုးဆောင်ရန်အတွက် တရုတ်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဟန်ကျိန့်က နောက်အဆင့်တွင် တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး အကြံပြုချက် (၃) ခု အဆိုပြုခဲ့သည်။ ပထမတစ်ချက်မှာ အဆင့်မြင့် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်ပြီး နှစ်ဖက်လုံး၏ အဓိက အကျိုးစီးပွားများ၊ အရေးကြီး စိုးရိမ်မှုများကို ခိုင်မာစွာ အပြန်အလှန် ဆက်လက်ပံ့ပိုးကူညီရန် ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ ဘက်စုံအကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်ပြီး ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးရလဒ်များအား ပိုမိုများပြားသော ပြည်သူလူထု အကျိုးခံစားရန် ဖြစ်ကြောင်း၊ တတိယအချက်မှာ ပို၍ နီးကပ်မှုရှိသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးကို ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်မှုရှိသော ဦးတည်ရာသို့ တိုးတက်စေရေး တွန်းအားပေးရန် ဖြစ်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။
Prabowo က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ရင်းနှီးစွာ နှုတ်ခွန်းဆက်သကြော်း ဟန်ကျိန့်အား တစ်ဆင့်ပြောကြားခဲ့သလို သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ လာရောက်၍ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်လာသော ဒုတိယ သမ္မတ ဟန်ကျိန့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အရေးပါသော သြဇာလွှမ်းမိုးမှုရှိသည့် နိုင်ငံကြီးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံအတွက်လည်း အားကောင်းသည့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း Prabowo က ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ အစိုးရသစ်သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားပြီး သမ္မတ ဂျိုကို၏ တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရေးမူဝါဒကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန်ပံ့ပိုးကူညီမှုနှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရန်၊ နိုင်ငံတကာနှင့် ဒေသတွင်း ညှိနှိုင်းဆောင်ရွက်မှုများကို အားကောင်းလာစေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်မှုရရှိရေး မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………………..
(Chinese Version)
韩正会见印度尼西亚新任总统普拉博沃
新华社雅加达10月21日电(记者朱超 陶方伟)10月20日,习近平主席特别代表、国家副主席韩正在雅加达出席印度尼西亚新任总统普拉博沃就职仪式,并同其会见。
韩正首先转达习近平主席对普拉博沃总统的热烈祝贺和良好祝愿。韩正表示,普拉博沃总统当选后第一时间访问中国,体现了对中国的深情厚谊和对发展中印尼关系的高度重视。习近平主席同总统先生举行会晤,就进一步巩固深化两国合作达成重要共识。总统先生在就职演说中阐述了粮食自主、减贫脱贫等一系列重要主张,同习近平主席提出的以人民为中心的发展思想高度契合。中方将支持普拉博沃总统和印尼新政府顺利施政,相信在总统先生领导下,印尼一定会在国家发展建设方面取得更大进步。中方愿同印尼一道,遵循元首战略引领,推动中印尼命运共同体建设不断迈上新台阶,为维护地区和平稳定、促进世界发展繁荣贡献力量。
韩正就下阶段中印尼关系发展提出三点建议。一是打造高水平战略互信,继续在涉及彼此核心利益和重大关切问题上坚定相互支持。二是深化全方位互利合作,让合作成果惠及更多民众。三是开展更加紧密的国际协作,推动全球治理朝着更加公正合理的方向发展。
普拉博沃请韩正转达对习近平主席的衷心感谢和亲切问候,热烈欢迎韩正副主席作为习近平主席特别代表来印尼出席其就职仪式。普拉博沃表示,中国是具有重要影响力的大国,也是印尼强有力的合作伙伴。印尼新政府高度重视发展对华关系,将延续佐科总统对华友好政策,愿进一步深化双方相互支持和互利合作,加强国际和地区事务协调,推动两国关系取得更大发展。(完)
图说:10月20日,习近平主席特别代表、国家副主席韩正在雅加达出席印度尼西亚新任总统普拉博沃就职仪式,并同其会见。