Connect with us

Asia

ဂျပန်နိုင်ငံ အောက်လွှတ်တော် ရွေးကောက်ပွဲ နီးကပ်လာ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ထောက်ခံသူများ လျော့နည်းသွားကြောင်း ပြည်သူ့သဘောထားစစ်တမ်းများက ဖော်ပြ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ တစ်နေရာရှိ အောက်လွှတ်တော် အမတ်များရွေးကောက်ပွဲ ကြော်ငြာဆိုင်းဘုတ်အား ဖြတ်သန်းသွားလာသူတစ်ဦးက ကြည့်ရှုနေသည်ကို အောက်တိုဘာ ၁၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
ဂျပန်အောက်လွှတ်တော် ရွေးကောက်ပွဲကို ယခုလကုန်တွင် ကျင်းပမည်ဖြစ်သည်။ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် အချိုးကျကိုယ်စားပြုမဲဆန္ဒနယ်နှင့် လွှတ်တော်အမတ်တစ်နေရာစာအတွက် အသေးစားမဲဆန္ဒနယ် အားလုံးတွင် ထောက်ခံသူများ လျော့နည်းသွားကြောင်းတွေ့ရပြီး ဖြေဆိုသူ ၂၀ ရာခိုင်နှုန်းကျော်က လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲတွင် ရှုံးနိမ့်မည်ဟု မျှော်လင့်ထားကြောင်း ကျိုဒိုသတင်းဌာန၏ အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်သော ပြည်သူ့သဘောထားစစ်တမ်းရလဒ်၌ ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံ အောက်လွှတ်တော် ရွေးကောက်ပွဲသည် အောက်တိုဘာ ၂၇ ရက်တွင် ဆန္ဒမဲများကို ရေတွက်မည်ဖြစ်ပြီး အာဏာရပါတီများနှင့် အတိုက်အခံပါတီများ ၉ ခုမှ ကိုယ်စားလှယ်လောင်း ၁,၃၀၀ ကျော်သည် လွှတ်တော်နေရာ ၄၆၅ နေရာကို ယှဉ်ပြိုင်မည်ဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် ဂျပန်နိုင်ငံံ၌တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စုစုပေါင်း လွှတ်တော်အမတ်တစ်နေရာစာအတွက် အသေးစားမဲဆန္ဒနယ် ၂၈၉ ခုနှင့် အချိုးကျကိုယ်စားပြုမဲဆန္ဒနယ် ၁၁ ခု ထားရှိသည်။ လွှတ်တော်အမတ် တစ်နေရာစာအတွက် ရွေးကောက်ခြင်းတွင် မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်လောင်းများကို တိုက်ရိုက်မဲပေးကြပြီး မဲအများဆုံးရသူအား ရွေးကောက်တင်မြှောက်မည်ဖြစ်သလို အချိုးကျကိုယ်စားပြု ရွေးကောက်ခြင်းတွင် မဲဆန္ဒရှင်များသည် နိုင်ငံရေးပါတီတစ်ခုစီအတွက် ဆန္ဒမဲပေးကြမည်ဖြစ်ပြီး ရရှိသည့်မဲ အချိုးအစားအလိုက် ပါတီအသီးသီးအနေဖြင့် လွှတ်တော်အမတ်နေရာများကို ခွဲဝေရရှိမည်ဖြစ်သည်။
ကျိုဒိုသတင်းဌာနက အောက်တိုဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ဂျပန်နိုင်ငံတွင် နိုင်ငံတစ်ဝန်း တယ်လီဖုန်းစစ်တမ်းတစ်ခု ပြုလုပ်ခဲ့သည်။ အချိုးကျကိုယ်စားပြုမဲဆန္ဒနယ်များတွင် ဖြေဆိုသူ ၂၂.၆ ရာခိုင်နှုန်းသည် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ထောက်ခံရန် ပြင်ဆင်နေကြပြီး ယခင်ရက်သတ္တပတ်က ကောက်ယူခဲ့သော စစ်တမ်းနှင့် နှိုင်းယှဉ်ပါက ၃.၈ ရာခိုင်နှုန်းပွိုင့် လျော့ကျသွားကြောင်း၊ ဖြေဆိုသူ ၁၄.၁ ရာခိုင်နှုန်းသည် အကြီးဆုံးအတိုက်အခံပါတီဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီမိုကရက်တစ်ပါတီ(CDP)ကို မဲပေးရန် စီစဉ်နေကြပြီးယခင်ရက်သတ္တပတ်ထက် ၁.၇ ရာခိုင်နှုန်းပွိုင့် တိုးလာကြောင်း စစ်တမ်းများအရ သိရသည်။ ပါတီနှစ်ခုကြား ကွာဟချက်မှာ ၈.၅ ရာခိုင်နှုန်းပွိုင့်အထိ နီးကပ်လာသည်။
အသေးစားမဲဆန္ဒနယ်များတွင် ဖြေဆိုသူ ၃၃.၂ ရာခိုင်နှုန်းက အတိုက်အခံပါတီအဖွဲ့မှ ကိုယ်စားလှယ်လောင်းများကို ထောက်ခံကြပြီး ၂၄.၆ ရာခိုင်နှုန်းက အာဏာရပါတီအဖွဲ့မှ ကိုယ်စားလှယ်လောင်းများကို ထောက်ခံကြသည်။ သို့သော် ပြီးခဲ့သည့် ရက်သတ္တပတ်က ကောက်ယူသော စစ်တမ်းတွင် အာဏာရပါတီအဖွဲ့ကို ထောက်ခံသော ဖြေဆိုသူ ပိုများကြောင်း သိရသည်။
မည်သို့သောရွေးကောက်ပွဲရလဒ်ကို မျှော်လင့်သနည်းဟု မေးမြန်းသောအခါ ဖြေဆိုသူ ၄၉.၇ ရာခိုင်နှုန်းက အာဏာရပါတီနှင့် အတိုက်အခံပါတီအဖွဲ့များက အမတ်နေရာ အရေအတွက် မျှမျှတတ ရရှိရန် မျှော်လင့်ကြောင်း၊ ဖြေဆိုသူ ၂၀.၅ ရာခိုင်နှုန်းကမူ ရွေးကောက်ပွဲပြီးနောက် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ နုတ်ထွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး ယင်းသည် ပြီးခဲ့သည့် ရက်သတ္တပတ် ကောက်ယူသောစစ်တမ်းထက် ၅.၄ ရာခိုင်နှုန်းပွိုင့် တိုးလာကြောင်း သိရသည်။
လစ်ဘရယ် ဒီမိုကရက်တစ်ပါတီသည် ယခုအကြိမ် အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အမတ်နေရာ ထက်ဝက်ကျော် မရနိုင်ဟု ဂျပန်မီဒီယာ အများအပြားက စစ်တမ်းရလဒ်များအပေါ် အခြေခံ၍ အောက်တိုဘာ ၁၇ ရက်တွင် ခန့်မှန်းခဲ့ကြသည်။ အကယ်၍ ဤအတိုင်းသာဆိုလျှင် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီသည် ဂျပန်အောက်လွှတ်တော်တွင် ၎င်းပါတီက ၁၅ နှစ်တာအတွင်း လွှတ်တော်အမတ်နေရာ ထက်ဝက်ကျော်ရရှိသည့်အနေအထားမှ ပထမဆုံးအကြိမ် ဆုံးရှုံးခြင်း ဖြစ်လာမည်ဖြစ်သည်။ (Xinhua)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဝန်ကြီးချုပ်အိမ်တော်ကို ဝင်တိုက်သည့် ယာဉ်တစ်စီးအနီးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်နှင့် မီးသတ်သမားများကို အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ/ကျိုဒို)

…………………………….
(Chinese Version)
日本众议院选举临近 民调显示自民党支持者流失
新华社北京10月21日电 日本国会众议院选举定于本月底举行。日本共同社20日发布的一项民意调查结果显示,执政党自由民主党在比例代表选区和小选区的支持者均呈流失之势,超两成受访者希望自民党在选举中败北下野。
日本众议院选举将于27日投计票,来自朝野9党的1300余名候选人将争夺465个议席。此次选举中,日本全国共设289个小选区和11个比例代表选区。小选区选举中,选民直接对候选人进行投票,得票最多者当选;比例代表选区由选民对各政党投票,各党按得票比例分配议席。
共同社19日至20日实施日本全国电话民调。结果显示,在比例代表选区,22.6%的受访者准备支持自民党,较上周民调时减少3.8个百分点;14.1%的受访者计划投票给最大在野党立宪民主党,较上周增加1.7个百分点。两党差距缩小至8.5个百分点。
在小选区,33.2%的受访者支持在野党阵营候选人,24.6%的受访者支持执政党阵营候选人。而在上周民调中,支持执政党阵营的受访者占比更多。
被问及期待何种选举结果时,49.7%的受访者表示希望执政党和在野党阵营所获议席数相当;20.5%的受访者希望自民党在选举后下野,较上周民调时增加5.4个百分点。
日本多家媒体17日据民调结果预测,自民党在这届众议院选举中可能无法获得过半议席。若果真如此,那将是自民党十五年来首次在日本众议院失去本党议席过半的地位。(张旌)
图说1:10月15日,一位行人在观看日本东京的一处众议院议员选举公示板。新华社记者张笑宇摄
图说2:10月19日,在日本东京,警察和消防员在冲撞首相官邸的车辆旁工作。新华社/共同社

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.