Connect with us

Africa & Middle East

တရုတ်နိုင်ငံက ကူညီထောက်ပံ့သော ဥရုဂွေးဂြိုလ်တုမြေပြင်စခန်း မိတ်ဆက်ပွဲကို ဥရုဂွေးနိုင်ငံတွင် ကျင်းပ

ဥရုဂွေးနိုင်ငံ မြို့တော် မွန်တီဗစ်ဒီအိုတွင် ကျင်းပသော မိတ်ဆက်ဆွေးနွေးပွဲ၌ အတူဖဲကြိုးဖြတ်နေသော ဥရုဂွေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွမ်ရကျုံး (ဝဲ) နှင့် ဥရုဂွေးနိုင်ငံ ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး Pablo Da Silveira ကို အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဥရုဂွေးနိုင်ငံအား ကူညီထောက်ပံ့သည့် “ဂြိုဟ်တုအများအပြား ပေါင်းစည်းထားသော မိုးလေဝသဆိုင်ရာ အချက်အလက်များ မိုဘိုင်း လက်ခံရေးနှင့် ကိုင်တွယ်ဖြေရှင်းရေး အက်ပလီကေးရှင်း စနစ်” မိတ်ဆက်ပွဲကို အောက်တိုဘာ ၂၂ ရက်တွင် ဥရုဂွေးနိုင်ငံ မြို့တော် မွန်တီဗစ်ဒီအို၌ ကျင်းပခဲ့သည်။ ဥရုဂွေးအစိုးရ ကိုယ်စားလှယ်အများအပြားနှင့် ဥရုဂွေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွမ်ရကျုံး စသည်တို့ တက်ရောက်ခဲ့ကြကြောင်း မွန်တီဗစ်ဒီအိုသတင်းအရ သိရသည်။
ဥရုဂွေးနိုင်ငံ ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး Pablo Da Silveira က တရုတ်နိုင်ငံအစိုးရမှ ရက်ရောစွာ လှူဒါန်းသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ဥရုဂွေးနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးမှုကို အစဉ်တစိုက် ထိန်းသိမ်းထားကြောင်း၊ ဤစီမံကိန်းကို အပြည့်အဝ အသုံးပြု၍ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို နက်ရှိုင်းစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဤ “ဂြိုဟ်တုအများအပြား ပေါင်းစည်းထားသော မိုးလေဝသဆိုင်ရာ အချက်အလက်များ မိုဘိုင်း လက်ခံရေးနှင့် ကိုင်တွယ်ဖြေရှင်းရေး အက်ပလီကေးရှင်း စနစ်”တွင် အင်တာနာထရပ်ကားတစ်စီး၊ အမိုးအကာယာဉ်တစ်စီးနှင့် လျှပ်စစ်ဓာတ်အားပေးရေး နောက်တွဲယာဉ်တို့ ပါဝင်ပြီး ဂြိုလ်တုအများအပြားမှ မိုးလေဝသဆိုင်ရာ အချက်အလက်များကို လက်ခံခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း လုပ်ဆောင်နိုင်ကြောင်း၊ ဥရုဂွေး၏ ရာသီဥတုခန့်မှန်းခြင်း၊ ရာသီဥတုစောင့်ကြည့်စစ်ဆေးခြင်းနှင့် စိုက်ပျိုးရေးထုတ်လုပ်မှု ပံ့ပိုးရေးကဏ္ဍစွမ်းရည်များ မြှင့်တင်နိုင်ကြောင်း ဥရုဂွေးနိုင်ငံ လေတပ် တပ်မှူး Luis De León က ၎င်း၏အမှာစကားတွင် ပြောကြားခဲ့သည်။
ဟွမ်ရာကျုံးက ဤစီမံကိန်းသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး၏ စံနမူနာဖြစ်ပြီး “ရပ်ဝန်းနှင့်ပိုးလမ်းမ” မူဘောင်အောက်တွင် နှစ်နိုင်ငံလက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်ကို ဖွင့်လှစ်ပေးခဲ့ရာ အဆိုပါ စနစ်သည် ဥရုဂွေးနိုင်ငံ၏ စိုက်ပျိုးရေးထုတ်လုပ်မှု၊ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်စစ်ဆေးရေး၊ အစွန်းရောက်ရာသီဥတုဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရေးနှင့် လူရည်ချွန်ပြုစုပျိုးထောင်ရေးတွင် ကြီးမားသော ပံ့ပိုးကူညီမှုများ ပေးဆောင်မည်ဟု ယုံကြည်ကြောင်း ၎င်း၏အမှာစကားတွင် ပြောကြားခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး တိုးချဲ့ဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု၏ အနက်အဓိပ္ပာယ်ကို စဉ်ဆက်မပြတ် ကြွယ်ဝလာစေရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ ဂေဟဗေဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ဥရုဂွေးနိုင်ငံ ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့သည်《ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဖြေရှင်းရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အထောက်အပံ့ပစ္စည်းများ လှူဒါန်းခြင်း နားလည်မှုစာချွန်လွှာ》ကို လက်မှတ်ရေးထိုးခဲ့ပြီး ဥရုဂွေးနိုင်ငံအား “ဂြိုဟ်တုအများအပြား ပေါင်းစည်းထားသော မိုးလေဝသဆိုင်ရာ အချက်အလက်များ မိုဘိုင်း လက်ခံရေးနှင့် ကိုင်တွယ်ဖြေရှင်းရေး အက်ပလီကေးရှင်း စနစ်” တစ်စုံကို ပံ့ပိုးကူညီရန် သဘောတူညီခဲ့သည်။ ၂၀၂၂ ခုနှစ် ဇွန်လတွင် အဆိုပါစနစ်သည် ဥရုဂွေးနိုင်ငံသို့ရောက်ရှိခဲ့ပြီး ထိုနှစ် စက်တင်ဘာလတွင် ပစ္စည်းလွှဲပြောင်းပေးအပ်မှုပြီးစီးခဲ့ကြောင်း သိရသည်။ (Xinhua)

ဥရုဂွေးနိုင်ငံ မြို့တော် မွန်တီဗစ်ဒီအိုတွင် ကျင်းပသော မိတ်ဆက်ဆွေးနွေးပွဲ၌ အမှာစကားပြောကြားနေသော ဥရုဂွေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွမ်ရကျုံးကို အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(Chinese Version)
中国援乌卫星地面站宣介会在乌拉圭举行
新华社布宜诺斯艾利斯10月22日电(记者蒋彪)蒙得维的亚消息:中国生态环境部援乌拉圭多星一体化气象卫星数据移动接收处理应用系统宣介会22日在乌拉圭首都蒙得维的亚举行。乌拉圭政府多名代表、中国驻乌拉圭大使黄亚中等出席。
乌拉圭教育和文化部长巴勃罗·达西尔韦拉衷心感谢中国政府的慷慨捐赠。他表示,乌拉圭对华始终保持友好,将充分利用这一项目深化与中国的合作关系。
乌拉圭空军司令路易斯·德·莱昂在致辞中说,这套由中国捐赠的多星一体化气象卫星数据移动接收处理应用系统包括一辆天线车、一辆方舱车和一辆电源拖车,能够接收并处理来自多个卫星的气象数据,提升乌拉圭在气象预测、气候监测及农业生产支持方面的能力。
黄亚中在致辞时表示,该项目是气候变化南南合作的典范,开辟了两国在“一带一路”框架下开展务实合作的新领域,相信该系统将为乌拉圭农业生产、环境监测、预防极端气候灾害、人才培养提供巨大支持。期待双方进一步拓展相关领域合作,不断丰富两国全面战略伙伴关系内涵。
2019年11月,中国生态环境部与乌拉圭教育和文化部签署《关于应对气候变化南南合作物资赠送的谅解备忘录》,同意向乌方援助一套多星一体化气象卫星数据移动接收处理应用系统。2022年6月,该系统运抵乌拉圭,同年9月完成物资交付。(完)
图说1:10月22日,在乌拉圭首都蒙得维的亚,中国驻乌拉圭大使黄亚中(左)与乌拉圭教育和文化部长巴勃罗·达西尔韦拉在宣介会上共同剪彩。新华社发(尼古拉斯·塞拉亚摄)
图说2:10月22日,在乌拉圭首都蒙得维的亚,中国驻乌拉圭大使黄亚中在宣介会上致辞。新华社发(尼古拉斯·塞拉亚摄)