Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၄ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
(၂၃/၁၀/၂၀၂၄ – MRTV)

-ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနား ကျင်းပ၊ နှစ်နိုင်ငံရေတပ်မှ အရာရှိ၊ စစ်သည်များ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်၊ ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ် ၄ စီး ပြန်လည်ထွက်ခွာ (၂၃/၁၀/၂၀၂၄ – MRTV)

-အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ရေတာရှည်မြို့နယ်အတွင်းရှိ ရေဘေးကြောင့် မျောပါပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ (၂၄/၁၀/၂၀၂၄ – MRTV)

-မြန်မာနိုင်ငံနှင့် UNFPA တို့အကြား ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များအမြင်ချင်း ဖလှယ်ဆွေးနွေး
(၂၄/၁၀/၂၀၂၄ – MOI)

-ဒုတိယဝန်ကြီးဦးစိုးကြည် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ရုံး၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ (၂၄/၁၀/၂၀၂၄ – MOI)

-ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ရှိ စက်ရုံများသို့ သွားရောက်ကြည့်ရှုအားပေး
(၂၄/၁၀/၂၀၂၄ – MOI)

-မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးအောင် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကြီးမှူးကျင်းပသည့် အိန္ဒိယနိုင်ငံ၏ ဂန္ထဝင်ဘာသာစကားများသတ်မှတ်ခြင်းအခမ်းအနားသို့ တက်ရောက် (၂၄/၁၀/၂၀၂၄ – MRTV)

-ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း (၆၂)ဦးအတွက် ဖန်တီးပေးနိုင်ခဲ့ (၂၄/၁၀/၂၀၂၄ – MRTV)

-ကော့သောင်းမြို့သို့ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်
(၂၄/၁၀/၂၀၂၄ – MRTV)

-မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးအောင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် (၂၄/၁၀/၂၀၂၄ – MRTV)