Connect with us

North America

အမေရိကန် ထပ်တိုးစေလွှတ်သည့် B-52 ဗုံးကြဲလေယာဉ်များ အရှေ့အလယ်ပိုင်းသို့ ရောက်ရှိ

အမေရိကန် စစ်ဘက်လေယာဉ်များ နယူးအော်လင်းစ်ရှိ Mercedes-Benz အားကစားရုံအပေါ်မှ ပျံသန်းသွားသည်ကို ၂၀၂၀ ပြည့်နှစ် မေလ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်းဒေသ အခြေအနေ တင်းမာမှုများအောက်တွင် အမေရိကန် ထပ်တိုးစေလွှတ်သည့် B-52 ဗုံးကြဲလေယာဉ်များ ယင်းဒေသကို ရောက်ရှိပြီဖြစ်ကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ် (USCENTCOM) က နိုဝင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။

“ Minot လေတပ်အခြေစိုက်စခန်း အမှတ် ၅ ဗုံးကြဲလေယာဉ်တပ်ဖွဲ့မှ B-52 ဗုံးကြဲလေယာဉ်များ အမေရိကန်ဗဟိုစစ်ဌာနချုပ်ဝာာဝန်ယူသည့် ဧရိယာကို ရောက်ရှိပြီဖြစ်ကြောင်း ” အမေရိကန်ဗဟိုစစ်ဌာနချုပ်က လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

အီရန်၏ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် အမေရိကန်က အရှေ့အလယ်ပိုင်းဒေသတွင် B-52 ဗုံးကြဲလေယာဉ်၊ ဖျက်သင်္ဘော စသည့်တို့အပါအဝင် ပိုမိုများပြားသည့် စစ်ရေးအင်အားများ ဖြန့်ကြက်သွားမည်ဖြစ်ကြောင်း ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Patrick S. Ryder က နိုဝင်ဘာ ၁ ရက် တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။ “ဒီစစ်ရေးအင်အားတွေက လာမယ့်လပိုင်းအတွင်းမှာ နေရာဖြန့်ကြက်ထားမှာ ဖြစ်ပြီး USS Abraham Lincoln CVN-72 လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုက ထွက်ခွာဖို့ ပြင်ဆင်မှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့်နှစ် အောက်တိုဘာလက ပါကလက်စတိုင်း-အစ္စရေး ပဋိပက္ခသစ် ပေါက်ကွဲဖြစ်ပွားလာသည့်အချိန်မှစ၍ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန် လေယာဉ်တင်သင်္ဘော အစဉ်တစ်စိုက်ရှိနေခဲ့သည်။ “USS Abraham Lincoln CVN-72” လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုသည် ယခုနှစ် ဩဂုတ်လက အရှေ့အလယ်ပိုင်းဒေသတွင် ဖြန့်ကြက်ထားခြင်း ဖြစ်သည်။ အမေရိကန်သတင်းမီဒီယာများက ယင်းလေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုမှာ ယခုလလယ်ပိုင်းတွင် အရှေ့အလယ်ပိုင်းမှ အမေရိကန်နိုင်ငံသို့ ပြန်မည် ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင် အချိန်အပိုင်းအခြားတစ်ခုအထိ အမေရိကန် လေယာဉ်တင် သင်္ဘောရှိမည် မဟုတ်ကြောင်း သိရသည်။ (Xinhua)
………………………
(Chinese Version)
美国增派的B-52轰炸机抵达中东
新华社华盛顿11月2日电 在中东地区局势紧张背景下,美国中央司令部2日宣布,美国增派的B-52轰炸机已抵达该地区。
美国中央司令部在社交媒体上发文说,“来自迈诺特空军基地第五轰炸机联队的B-52战略轰炸机已抵达美国中央司令部责任区”。
美国国防部发言人帕特里克·赖德1日发表声明称,为应对来自伊朗的威胁,美国将向中东地区部署更多军事力量,包括多架B-52轰炸机、驱逐舰等。“这些军力将于未来数月陆续部署到位,而‘亚伯拉罕·林肯’号航母打击群则准备撤离。”
去年10月新一轮巴以冲突爆发以来,中东地区一直有美国航母存在。“亚伯拉罕·林肯”号航母打击群今年8月部署到中东地区。美国媒体报道说,该航母打击群将于本月中旬撤离中东返回美国,中东地区有可能将有一段时间没有美国航母存在。(完)
2020年5月1日,美国军用飞机飞过新奥尔良梅赛德斯奔驰超级碗体育馆。新华社发(魏兰摄)