Myanmar
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၇ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဋ္ဌမကြိမ် မဟာမဲခေါင်ဒေသခွဲ (ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ( ၇/၁၁/၂၀၂၄ – MRTV)
-တောင်ငူမြို့ရှိနယ်မြေခံသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ မိုးရာသီစခန်းချလေ့ကျင့်ရေး ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေး ( ၆/၁၁/၂၀၂၄ – MRTV)
-ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ “White Dragon” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးအား နိုဝင်ဘာလ (၁၁)ရက် နံနက်၉နာရီခွဲအချိန်မှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာကြည့်တိုက်များတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည် ( ၆/၁၁/၂၀၂၄ – MRTV)
-ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင်အိတ်ရေ ၈၅ဝဝဝ ထိ တင်ပို့ရောင်းချနိုင်ခဲ့ ( ၆/၁၁/၂၀၂၄ – MRTV)
-ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး ဦးသစ်အုန်းလင်းသည် ၄င်း၏သံအမတ်ခန့်အပ်လွှာကို ရုရှားဖက်ဒရေးရှင်းသမ္မတမစ္စတာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ်ပူတင်ထံသို့ ပေးအပ် ( ၆/၁၁/၂၀၂၄ – MRTV)
-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် (၂၉)ကြိမ်မြောက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အစည်းအဝေးသို့ တက်ရောက် ( ၆/၁၁/၂၀၂၄ – MOI)
-လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ တောင်ကြီးပင်မဓာတ်အားခွဲရုံအား ကြည့်ရှုပြီး ဝန်ထမ်းများအားတွေ့ဆုံ၊ ကလောမြို့ရှိ ပင်မဓာတ်အားခွဲရုံအား ကြည့်ရှု၊ ရမည်းသင်းဓာတ်အားခွဲရုံအား ကြည့်ရှု ( ၆/၁၁/၂၀၂၄ – MOI)
-ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း ပြုစုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) သို့ တက်ရောက် ( ၆/၁၁/၂၀၂၄ – MOI)
-စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၁၀/၂၀၂၄)အစည်းအဝေး
တက်ရောက် ( ၆/၁၁/၂၀၂၄ – MOI)
-ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် နေကြာသီးနှံ ဧက (၃)သန်းကျော် စိုက်ပျိုးရန်လျာထားဆောင်ရွက်နေ ( ၆/၁၁/၂၀၂၄ – MOI)
-အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K MotorsCo, Ltd. မှ တင်သွင်းလာသော
တရုတ်နိုင်ငံထုတ် EV အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ ( ၆/၁၁/၂၀၂၄ – MRTV)
-နယ်သာလန်မှ အာလူးမျိုး(၃)မျိုးကို မျိုးပွားစမ်းသပ်ထုတ်လုပ်လျက်ရှိကာ တောင်သူအစုအဖွဲ့များကို ယခုနှစ်အတွင်း စမ်းသပ်စိုက်ပျိုးရန်အတွက် လုပ်ဆောင်သွားမည် ( ၆/၁၁/၂၀၂၄ – MRTV)
-နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့အား စည်ကားသိုက်မြိုက်စွာ အနှစ်သာရရှိရှိ ကျင်းပမည် ( ၆/၁၁/၂၀၂၄ – MRTV)