Politics, Law & Military
ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ခြံဝင်းအတွင်းသို့ ဓာတ်ဆီပုလင်းဖြင့် ပစ်ခတ်သူအား ရဲတပ်ဖွဲ့မှ ရှာဖွေနေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံဝင်းအတွင်းသို့ ဓာတ်ဆီပုလင်းဖြင့် ပစ်ခတ်သူအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရှာဖွေနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ ပြောကြားသည်။
“ဒီနေ့မနက်က ဖြစ်တာပါ။ အချိန်မီ ငြိမ်းသတ်နိုင်တာရယ်၊ ကျတဲ့နေရာ လောင်စာ မရှိတာရယ်ကြောင့် ဘာမှ မဖြစ်ပါဘူး။ ကျူးလွန်သူကို ရဲတပ်ဖွဲ့က ရှာနေပါတယ်။ပစ်ပြီး ထွက်ပြေးသူလို့ ယူဆရတဲ့ သတင်းရထားပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအတွင်းသို့ ဓာတ်ဆီပုလင်းဖြင့် ယနေ့ နံနက်ပိုင်းအချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားချိန်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ရှိနေကြောင်း သိရသည်။(Xinhau)