Connect with us

Science & Technology

“နှင်းနဂါး ညီနောင်” ရေခဲခွဲသင်္ဘောကြီးနှစ်စင်း အနောက်လေစီးကြောင်းအား အတူဖြတ်သန်း

“နှင်းနဂါး-၂” ရေခဲခွဲ သင်္ဘောကြီး "rolling forties" အနောက်လေစီးကြောင်းအား ဖြတ်သန်းတော့မည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နှင်းနဂါး-၂ ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၄၁ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင် တာဝန်ထမ်းဆောင်နေသည့် “နှင်းနဂါး” နှင့် “နှင်းနဂါး-၂” ရေခဲခွဲ သင်္ဘောကြီး နှစ်စင်းသည် ပေကျင်းစံတော်ချိန် နိုဝင်ဘာ ၁၉ ရက်တွင် “rolling forties” အနောက်လေစီးကြောင်းအား စတင်ဖြတ်သန်းမည် ဖြစ်သည်။တောင်ကမ္ဘာလုံးခြမ်း အနောက်လေစီးကြောင်းသည် တောင်လတ္တီတွဒ် ၄၀ ဒီဂရီမှ ၆၀ ဒီဂရီအကြားတွင် တည်ရှိပြီး “နှင်းနဂါး ညီနောင်” အန္တာတိက ခရီးစဉ်တွင် မဖြစ်မနေ ဖြတ်သန်းရသည့် လမ်းဖြစ်သည်။ မကြာခဏ ဆိုင်ကလုန်းလှုပ်ရှားမှုဒဏ်ခံသော ယင်းနေရာသည် တစ်နှစ်ပတ်လုံး ပြင်းအား အဆင့် ၆ မှ ၇ ထိရှိသည့် အနောက်လေတိုက်နှုန်းနှင့် အမြင့် ၄ မီတာမှ ၅ မီတာအထိရှိသော လှိုင်းကြီးများ အများအပြားရှိပြီး သင်္ဘောမောင်းနှင်သွားလာရာ၌ အန္တရာယ်ဖြစ်နိုင်ချေ အလွန်မြင့်မားခြင်းကြောင့် “rolling forties” အနောက်လေစီးကြောင်း ဟူသော အဆိုရှိပေသည်။

“နှင်းနဂါး-၂” ရေခဲခွဲ သင်္ဘောကြီး၏ အင်ဂျင်နီယာချုပ် လီဝန်မိန် (လက်ဝဲ-၄)က သင်္ဘောတစ်စင်းလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်း သရုပ်ပြလေ့ကျင့်မှုအပြီး သုံးသပ်ပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

စဉ်ဆက်မပြတ်သည့် လေပွေဆိုင်ကလုန်းများအကြား သင်္ဘောသည် သာမန်အားဖြင့် လှိုင်းလေလျော့နည်းသည့် ကြားမှ ဖြတ်သန်းရန် ရွေးချယ်လေ့ရှိကြောင်း “နှင်းနဂါး-၂” သင်္ဘောကြီး၌ လိုက်ပါသည့် မိုးလေဝသဆိုင်ရာ ပံ့ပိုးသူ ရွှီရှောင်ဝူက မိတ်ဆက်ပြောကြားခဲ့သည်။ ယခုအကြိမ် အနောက်လေစီးကြောင်းကို ဖြတ်သန်းမှုတွင် ပေကျင်းစံတော်ချိန် နိုဝင်ဘာ ၁၉ ရက်သည် ပိုမိုကောင်းမွန်သည့် အချိန်အခါဖြစ်ကြောင်း သိရသည်။

“နှင်းနဂါး-၂” သင်္ဘောကြီး၌ လိုက်ပါသည့် မိုးလေဝသဆိုင်ရာ ပံ့ပိုးသူ ရွှီရှောင်ဝူ (လက်ဝဲ)က မိုးလေဝသအခြေအနေအား လေ့လာသုံးသပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သဘာဝ သယံဇာတရေးရာ ဝန်ကြီးဌာန ဦးစီးသည့် တရုတ်နိုင်ငံ၏ ၄၁ ကြိမ်မြောက် အန္တာတိက စူးစမ်းလေ့လာရေး မစ်ရှင်မှာ သင်္ဘောသုံးစင်းဖြင့် ဆောင်ရွက်ခြင်း ဖြစ်ရာ “နှင်းနဂါး” နှင့် “နှင်းနဂါး-၂” ရေခဲခွဲသင်္ဘောများသည် သိပ္ပံစူးစမ်းလေ့လာရေး၊ ဝန်ထမ်းသယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးတာဝန်များကို အဓိက ဆောင်ရွက်ခြင်း ဖြစ်ပြီး “ရုန်စိန့်” ကုန်တင်သင်္ဘောမှာ ချင်လျင်စခန်း အဆောက်အဦ တည်ဆောက်ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ရေးတာဝန်ကို အဓိက ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————
第41次南极考察|“雪龙兄弟”将结伴穿越西风带
新华社“雪龙2”号11月18日电(记者黄韬铭)执行中国第41次南极考察任务的“雪龙”号和“雪龙2”号,将于北京时间19日开始穿越“咆哮”西风带。
南半球西风带位于南纬约40度至60度之间,是“雪龙兄弟”奔赴南极的必经之路。受频繁的气旋活动影响,这里终年盛行6至7级的西向风和4至5米高的涌浪,行船危险系数较高,所以有“咆哮”西风带之称。
“雪龙2”号随船气象保障员徐晓武介绍,在连绵不断的绕极气旋之间,船舶通常选择风浪较小的空隙穿过。此次穿越西风带,北京时间19日将是一个较好的窗口期。   自然资源部组织的中国第41次南极考察任务由三船保障,“雪龙”号和“雪龙2”号主要执行科学考察、人员运送和后勤补给任务;“永盛”号货轮主要承担秦岭站配套设施建设物资运送任务。(完)
1. 这是“雪龙2”号即将穿越“咆哮”西风带(无人机照片)。 新华社发(陈栋彬 摄)
2. 这是“雪龙2”号轮机长李文明(左四)在对全船失电演习进行总结。 新华社记者 黄韬铭 摄
3. 这是“雪龙2”号随船气象保障员刘素芳(左)在研判天气情况,规划航行路线。 新华社记者 黄韬铭 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.