Myanmar
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၆ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလုပ်ငန်း ရေကြီးနစ်မြုပ်ပျက်စီးခြင်းအတွက် တောင်သူများအား လျော်ကြေးငွေကျပ် ၁၂၉ ဒဿမ ၃၆၀ သန်းပေးအပ် (၂၆/၁၁/၂၀၂၄ – MOI)
-၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ ဆက်လက်ကျင်းပ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၇၃၅ တွဲ ရောင်းချနိုင်ခဲ့ (၂၆/၁၁/၂၀၂၄ – MOI)
-ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး ပစ္စည်းများပေးပို့ (၂၆/၁၁/၂၀၂၄ – MOI)
-တောင်သူများပူးပေါင်းပါဝင်သော စပါးမျိုးသားဆက်လိုင်းများ မွေးမြူရွေးချယ် (၂၆/၁၁/၂၀၂၄ – MOI)
-တန်ဆောင်တိုင်ရုံးပိတ်ရက်၌ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ခရီးသွားဧည့်သည်များဖြင့် စည်ကား (၂၆/၁၁/၂၀၂၄ – MOI)
-တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ပြီး တောင်သူများ အခက်အခဲမရှိ ရိတ်သိမ်းနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ စက်မှုလယ်ယာဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိ (၂၆/၁၁/၂၀၂၄ -MRTV )
-၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလ(၂၅)ရက်နေ့အထိ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့် တင်ပို့မှုတွင် စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း(၂၇၅၀)ကျော်တင်ပို့ (၂၆/၁၁/၂၀၂၄ -MRTV )
-ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု ဖြေရှင်းဆောင်ရွက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ (၂၆/၁၁/၂၀၂၄ -MRTV )
-မကွေးမြို့နယ်၊ ရွာသာကျေးရွာတွင် မိုးစပါးဧက (၅၇၅)ဧကအား စိုက်ပျိုးရေပေးဝေနိုင်သည့် မြေသားကန်ကြီးတူးဖော်ပေး (၂၆/၁၁/၂၀၂၄ -MRTV )
-၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ရှမ်းပြည်နယ် ကိုယ်စားပြု အမျိုးသား၊ အမျိုးသမီးဘောလုံးအသင်း အားကစားသမားများ စခန်းသွင်းလေ့ကျင့်လျက်ရှိ (၂၅/၁၁/၂၀၂၄ -MRTV )
-စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နေကြာစိုက် ဧက(၅၀)စာ ဆောင်းနေကြာ မျိုးစေ့များ ပေးအပ် (၂၅/၁၁/၂၀၂၄ -MRTV )
-ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မော်တော်ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများအကြိမ်ကြိမ်လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားတစ်ဦးအား ဖုန်းမျိုးစုံ ၁၅ လုံးနှင့်အတူ ဖမ်းဆီးရမိ (၂၅/၁၁/၂၀၂၄ -MRTV )
-ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
(၂၅/၁၁/၂၀၂၄ -MRTV )