Connect with us

Africa & Middle East

ရပ်ဝန်းနှင့် ပိုးလမ်းမ ပုံပြင်ပန်းချီ- တရုတ်နိုင်ငံ အကူအညီဖြင့် တည်ဆောက်ထားသော မူလတန်းကျောင်းက ဘော့ဆွာနာနိုင်ငံရှိ ကလေးများ၏ ပညာရေးအတွက် အုတ်တစ်ချပ်သဲတစ်ပွင့် ပံ့ပိုးပေး

ဘော့ဆွာနာနိုင်ငံ တောင်ပိုင်း Kweneng ဒေသတွင် တည်ရှိသော Mmopane မူလတန်းကျောင်း၌ ကျောင်းသားကျောင်းသူများကို အတန်းနားနေချိန်တွင် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဘရွန်နေ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ဘော့ဆွာနာနိုင်ငံ တောင်ပိုင်း Kweneng ဒေသတွင် တည်ရှိသော Mmopane မူလတန်းကျောင်းသည် တရုတ်နိုင်ငံ အကူအညီဖြင့် တည်ဆောက်ထားသည့် ခေတ်မီကျောင်းတစ်ကျောင်းဖြစ်သည်။ စုစုပေါင်းအဆောက်အဦဧရိယာသည် ၇,၄၀၀ စတုရန်းမီတာရှိပြီး ၂၀၂၁ ခုနှစ်တွင် ဘော့ဆွာနာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့ရာ ကျောင်းသားများ စတင်လက်ခံခဲ့သည်။ အဆိုပါကျောင်းတွင် ကျောင်းသူကျောင်းသား ၈၀၀ ခန့်ရှိပြီး ကောင်းမွန်သော အထောက်အကူပစ္စည်းများနှင့် ထူးချွန်သော သင်ကြားမှုရလဒ်များဖြင့် မိဘများနှင့် ကျောင်းသားများ၏ ကောင်းမွန်သော တုံ့ပြန်ချက်ကိုလည်း အများအားဖြင့်ရရှိခဲ့သည်။
Mmopane မူလတန်းကျောင်းသည် တရုတ်နိုင်ငံက ဘော့ဆွာနာနိုင်ငံတွင် ကူညီတည်ဆောက်ပေးထားသည့် မူလတန်းကျောင်း ၄ ကျောင်းအနက် တစ်ကျောင်းဖြစ်ပြီး ကျန် ၃ ကျောင်းမှာ Kubung မူလတန်းကျောင်း၊ Dinokwane မူလတန်းနှင့် အောက်တိုဘာလတွင် လွှဲပြောင်းပေးခဲ့သော Ramaeba မူလတန်းကျောင်းဖြစ်သည်။ တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးထားသည့် မူလတန်းကျောင်းများသည် ဒေသဆိုင်ရာ စီရင်ပိုင်ခွင့်အတွင်း ကလေးငယ်များ၏ ကျောင်းတက်ရန် အခက်အခဲ ပြဿနာကိုဖြေရှင်းပေးခဲ့ပြီး ဘော့ဆွာနာရှိ ကလေးများ၏ ပညာရေးအခြေအနေများကို ထိရောက်စွာ မြှင့်တင်ပေးခဲ့ပြီး ဘော့ဆွာနာနိုင်ငံ၏ အခြေခံပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသော ပံ့ပိုးကူညီမှုပေးခဲ့သည်။ (Xinhua)

ဘော့ဆွာနာနိုင်ငံ တောင်ပိုင်း Kweneng ဒေသတွင် တည်ရှိသော Mmopane မူလတန်းကျောင်း ကျောင်းတံခါးဝ၌ ‌ကျောင်းသားကျောင်းသူများ စုပေါင်းဓာတ်ပုံရိုက်နေသည်ကို နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………………..
(Chinese Version)
一带一路故事绘|中国援建小学为博茨瓦纳儿童教育添砖加瓦
哈博罗内,2024年11月26日
位于博茨瓦纳南部奎嫩区的莫帕尼小学是中国援建的一所现代化学校。总建筑面积7400平方米,于2021年移交博方并开始招生。该校目前有大约800余名学生,凭借着良好的设施和优异的教学成绩,得到家长和学生的普遍好评。
莫帕尼小学是中国在博茨瓦纳援建的四所小学之一,另外三所是古邦小学、迪诺夸内小学和10月底刚刚交付博方的拉玛埃巴小学。中国援建的小学帮助解决了当地辖区内儿童“上学难”问题,有效改善了博茨瓦纳儿童的教育条件,为博茨瓦纳基础教育的发展提供了有力支持。
图说1:11月4日,在位于博茨瓦纳奎嫩区的莫帕尼小学,学生们在课间休息。新华社记者 韩旭 摄
图说2:11月4日,在位于博茨瓦纳奎嫩区的莫帕尼小学,学生们在校门口留影。新华社记者 韩旭 摄