Asia
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့၏ ယခုနှစ် ပထမဆုံး ဆီးနှင်းကျဆင်းမှုပမာဏက ကာလတူထက် စံချိန်တင်မြင့်တက်
ပေကျင်း၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တွင် နိုဝင်ဘာ ၂၇ ရက်က ယခုနှစ် ဆောင်းရာသီ၏ ပထမဆုံး ဆီးနှင်းကျခဲ့ရာ နံနက်ပိုင်း၏ နှင်းထုအနက်သည် ၁၆ စင်တီမီတာကို ကျော်လွန်သွားကာ ၁၉၀၇ ခုနှစ် အောက်တိုဘာလ ခေတ်မီမိုးလေဝသဆိုင်ရာ လေ့လာစောင့်ကြည့်မှုများ စတင်ခဲ့ချိန်မှစ၍ ကာလတူ လပိုင်းအတွက် အမြင့်ဆုံး စံချိန်သစ်တင်ခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် တစ်မြို့လုံးတွင် နံနက်ခင်းအသွားအလာ အများဆုံးအချိန်နှင့် လေယာဉ်ခရီးစဉ်အချို့အပေါ် သက်ရောက်မှုရှိခဲ့ပြီး အစိုးရက ဆီးနှင်း ဖယ်ရှားရေးလုပ်ငန်းများကို အရေးပေါ် စတင်လုပ်ဆောင်ခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ မိုးလေဝသဗျူရိုက အဆိုပါနေ့ နံနက် ၇ နာရီအထိ ဆိုးလ်မြို့၏ ဆီးနှင်းအထူထပ်ဆုံး အနက်သည် ၁၆.၅ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး ၁၉၇၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် စံချိန်တင်ခဲ့သည့် နိုဝင်ဘာလတစ်ရက်တည်း ဆီးနှင်းအထူထပ်ဆုံး အနက် ၁၂.၄ စင်တီမီတာ စံချိန်ကို ချိုးဖောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ မိုးလေဝသ ဗျူရိုနှင့် ဆိုးလ်မြို့မိုးလေဝသဌာနတို့က အဆိုပါနေ့တွင် ၎င်းမြို့၏ အရှေ့မြောက်ပိုင်းနေရာများတွင် ဆီးနှင်းမုန်တိုင်း ကြိုတင်သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ဤကြိုတင်သတိပေးချက်က ၂၄ နာရီအတွင်း ဆီးနှင်းကျဆင်းမှု ပမာဏသည် ၂၀ စင်တီမီတာထက်မနည်းဖြစ်ပြီး ဤဆီးနှင်းပမာဏသည် ဆိုးလ်မြို့အနေဖြင့် မကြာသေးမီနှစ်များအတွင်း တွေ့ရခဲသည့် သဘောသက်ရောက်ပေသည်။
အဆိုပါနေ့ နံနက် ၉ နာရီအထိ ဆီးနှင်းများ လွန်စွာကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ် ၁၂ ခု ဖျက်သိမ်းခဲ့ရပြီး ခရီးစဉ် ၃၈ ခု နှောင့်နှေးခဲ့ရကြောင်း တောင်ကိုရီးယားနိုင်ငံ လေဆိပ်ကော်ပိုရေးရှင်းနှင့် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကော်ပိုရေးရှင်းတို့က ပြောကြားခဲ့သည်။
ဆိုးလ်မြို့ အမှတ် ၉ မြေအောက်ရထားလိုင်းသည် နံနက်ခင်းအသွားအလာအများဆုံးအချိန်၌ ၉ မိနစ်ကြာ နှောင့်နှေးခဲ့ရ၍ ပလက်ဖောင်းပေါ်တွင် လူများ စိုးရိမ်ဖွယ် ပြည့်လျှံခဲ့ကြောင်း၊ မြို့၏ လမ်းတချို့တွင် ယာဉ်ကြောထိန်းချုပ်မှုများ လုပ်ဆောင်ခဲ့ရကြောင်း၊ မြူနီစီပယ်အစိုးရသည် နံနက် ၇ နာရီတွင် ဒုတိယအဆင့် အရေးပေါ် ဆီးနှင်းများ ဖယ်ရှားရေးတုံ့ပြန်မှုစတင်ခဲ့ပြီး သက်ဆိုင်ရာဌာနများ စုစည်း၍ ဆီးနှင်းများဖယ်ရှားခဲ့ကြောင်း Yonhap သတင်းအေဂျင်စီ၏အဆိုအရ သိရသည်။
ဆိုးလ်မြို့အပါအဝင် တောင်ကိုရီးယားနိုင်ငံ ဒေသအများစုတွင် နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်း၏ ဆီးနှင်းကျဆင်းမှုပမာဏသည် တစ်နာရီလျှင် ၁ စင်တီမီတာမှ ၃ စင်တီမီတာအထိ ရှိနိုင်ပြီး နိုင်ငံတစ်ဝန်း မိုးနှင့် ဆီးနှင်းရာသီဥတုသည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းအထိ ဆက်လက်ရှိနေမည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသဌာန၏ အဆိုအရ သိရသည်။ (Xinhua)
……………………….
(Chinese Version)
韩国首尔今冬首场雪雪量创同期新高
新华社北京11月27日电 韩国首都首尔27日迎来今冬首场降雪,早上积雪深度已超过16厘米,刷新自1907年10月开始现代气象观测以来的同月最高纪录。全市早高峰交通和部分航班受到影响,政府紧急启动除雪作业。
韩国国家气象局说,截至早上7时,首尔当日最大积雪深度已达16.5厘米,打破该市1972年11月28日以12.4厘米创下的11月单日最大积雪深度纪录。
韩国国家气象局和首尔市气象部门当天对该市东北地区发布暴雪预警。这一预警意味着24小时内降雪量不低于20厘米,而这种雪量近年来对首尔而言十分罕见。
韩国机场公社和仁川国际机场公社说,截至当天上午9时,大雪导致12个航班被取消,38个航班延误。
据韩联社报道,首尔地铁9号线早高峰时段延误了9分钟,导致站台上人满为患;市内部分路段实行交通管制。市政府7时启动紧急除雪二级响应,组织有关单位除雪。
依据气象部门说法,包括首尔在内,韩国大部分地区27日上午每小时降雪量将达到1至3厘米,全国范围的雨雪天气预计持续至28日上午。
图说:这是2023年12月20日在韩国首尔拍摄的景福宫。新华社记者姚琪琳摄