Connect with us

China

လူသားမျိုးနွယ်နှင့် သဘာဝတရား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ၂၀၂၄ ကမ္ဘာတစ်ဝန်း ပန်ဒါဝက်ဝံကဏ္ဍ မိတ်ဖက်ရေးရာ ကွန်ဖရင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ချိန်တူး၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
၂၀၂၄ ကမ္ဘာတစ်ဝန်း ပန်ဒါဝက်ဝံကဏ္ဍ မိတ်ဖက်ရေးရာ ကွန်ဖရင့် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်က စီချွမ်းပြည်နယ် ချိန်တူးမြို့တွင် “လူသားမျိုးနွယ်နှင့် သဘာဝတရား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ဆင်ဟွာသတင်းဌာန နိုင်ငံတော် အဆင့်မြင့် ပညာရှင်အဖွဲ့၊ ရှီကျင့်ဖိန် ဂေဟယဉ်ကျေးမှုအတွေးအခေါ်ဆိုင်ရာ သုတေသနဌာနတို့မှ ရေးသားပြုစုသည့် 《လှပသော တရုတ်နိုင်ငံ၏ “အစိမ်းရောင်လျှို့ဝှက်ချက်” ကို ကမ္ဘာအား သိရှိစေခြင်း____ ရှီကျင့်ဖိန် ဂေဟယဉ်ကျေးမှုအတွေးအခေါ်၏ တရုတ်နိုင်ငံဖော်ဆောင်မှုနှင့် ကမ္ဘာ့အကျိုးဆောင်မှု》ပညာရှင်အစီရင်ခံစာကို တရုတ်-အင်္ဂလိပ် နှစ်ဘာသာဖြင့် ကမ္ဘာတစ်ဝန်းအား ထုတ်ပြန်ခဲ့သည်။ ညီလာခံအခမ်းအနားကို နိုင်ငံပေါင်း ၃၀ ကျော်က ပညာရှင်ပေါင်း ၃၈၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း၊ ဂေဟယဉ်ကျေးမှု၊ ပန်ဒါဝက်ဝံယဉ်ကျေးမှု၊ တရုတ်ပြည်တွင်း-ပြည်ပ ယဉ်ကျေးမှုခရီးသွား စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး ဂေဟစနစ်ဦးစားပေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး သိပ္ပံနည်းကျလမ်းစဉ်ကို အတူတကွ ကြိုးပမ်း ရှာဖွေခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတက်ရောက်သူများက ရှီကျင့်ဖိန် ဂေဟယဉ်ကျေးမှု အတွေးအခေါ်၏ လမ်းညွှန်မှုဖြင့် တရုတ်နိုင်ငံသည် ပန်ဒါဝက်ဝံကြီး ထိန်းသိမ်းစောင့်ရှောက်မှုမှာ အများဂရုပြုဖွယ် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ပန်ဒါဝက်ဝံကြီးများ ရှင်သန်နေထိုင်ရာနေရာ ထိန်းသိမ်းကာကွယ်ရေး စနစ်မှာ နေ့စဉ်နှင့်အမျှ ပြည့်စုံကောင်းမွန်လာပြီး သဘာဝအလျောက် နေထိုင်သည့်အကောင်ရေ ၁,၉၀၀ အထိ တိုးလာခဲ့ကြောင်း၊ သိပ္ပံနည်းပညာ အထောက်အပံ့ စဉ်ဆက်မပြတ် အားကောင်းလာပြီး မွေးမြူထားသည့်ပမာဏမှာ ကျယ်ပြန့်လာသလို ပန်ဒါဝက်ဝံကြီး နိုင်ငံတကာ ပူးပေါင်းဖလှယ်ဆောင်ရွက်ရေးမှာ စဉ်ဆက်မပြတ် တိုးချဲ့လာခဲ့ကြောင်း၊ ၂၀၂၄ ကမ္ဘာတစ်ဝန်း ပန်ဒါဝက်ဝံကဏ္ဍ မိတ်ဖက်ရေးရာ ကွန်ဖရင့် ကျင်းပခြင်းသည် ပန်ဒါဝက်ဝံကို ပေါင်းကူးအဖြစ်ထားရှိကာ ဂေဟပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး တွန်းအားပေးသည့်၊ နိုင်ငံတကာ ပူးပေါင်းဖလှယ်မှုမြှင့်တင်သည့် အကျိုးရှိသော စူးစမ်းမှုတစ်ခု ဖြစ်ကြောင်း၊ အနာဂတ်တွင် ဤအကြိမ်ညီလာခံကို အခွင့်အလမ်းအဖြစ် ထားရှိကာ ဂေဟစနစ်ကာကွယ်ရေးနှင့် တည်ဆောက်ရေး၊ အစိမ်းရောင် ကာဗွန်လျော့နည်းမှုတိုးတက်ရေး၊ ယဉ်ကျေးမှု အပြန်အလှန်လေ့လာဖလှယ်ရေးအား အတူတကွ တွန်းအားပေးကာ ကမ္ဘာ့ အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအတွက် အားအင်များကို စုစည်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၄ ကမ္ဘာတစ်ဝန်း ပန်ဒါဝက်ဝံကဏ္ဍ မိတ်ဖက်ရေးရာ ကွန်ဖရင့်သည် ကျွမ်းကျင်မှု၊ တံခါးဖွင့်လှစ်မှု၊ အပြည်ပြည်ဆိုင်ရာအသွင်ရှိမှု၊ ဘုံသဘောတူညီချက်များကို စုစည်းမှု၊ ကမ္ဘာ့ဂေဟယဉ်ကျေးမှု တည်ဆောက်ရေးကိ အတူတကွ ကြိုးပမ်းသည့် တွေ့ဆုံဆွေးနွေးဖလှယ်ရေး ပလက်ဖောင်း ဖြစ်ကြောင်း၊ ပန်ဒါဝက်ဝံနှင့် အခြားသော ရှားပါးတိရစ္ဆာနှင့်အပင်များ၏ အသက်ရှင်သန်မှု ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရေး နိုင်ငံတကာ လက်တွဲအတူ အာရုံစိုက်ကြရန် အဆိုပြုခြင်း ဖြစ်သလို အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှု၊ ပြည်သူချင်း ကူးလူးဆက်ဆံရေးနှင့် ချစ်ကြည်ရေးကို နက်ရှိုင်းအောင် ဆောင်ရွက်ခြင်းလည်း ဖြစ်ပေသည်။ ယခုအကြိမ် ညီလာခံကို ဆင်ဟွာသတင်းဌာန စီချွမ်းရုံးချုပ်ခွဲ၊ ဆင်ဟွာသတင်းဌာန သတင်းအချက်အလက်ရေးရာစင်တာ၊ တရုတ်နိုင်ငံ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ ၊ ချိန်တူး မီဒီယာအဖွဲ့တို့မှ ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)


………………………….
(Chinese Version)
聚焦人与自然和谐共生 2024全球熊猫伙伴大会开幕
新华社成都11月26日电(记者余里、胡璐)以“人与自然和谐共生”为主题的2024全球熊猫伙伴大会26日在四川省成都市开幕。
开幕大会上,由新华社国家高端智库、习近平生态文明思想研究中心撰写的《让世界读懂美丽中国的“绿色密码”——习近平生态文明思想的中国实践与世界贡献》智库报告以中英文向全球发布。来自30余个国家的专家学者等380多人参加了会议。各方围绕生态文明、熊猫文化、中外文旅等议题展开研讨,共同探寻坚持生态优先、绿色发展的科学路径。
与会人士表示,在习近平生态文明思想指引下,中国大熊猫保护取得了令人瞩目的成就。大熊猫栖息地保护体系日臻完善,野外种群已增长到1900只左右;科技支撑不断增强,圈养种群规模扩大;大熊猫国际合作交流不断拓展。举办2024全球熊猫伙伴大会,正是以熊猫为媒介,推动生态环境保护、促进国际交流合作的一次有益探索。未来将以此次大会为契机,共同推动生态保护建设、绿色低碳发展、文明交流互鉴,为共建地球生命共同体凝聚力量。
2024全球熊猫伙伴大会是一个具有学术性、开放性、国际性,凝聚共识、共谋世界生态文明建设的对话交流平台,倡导各国携手关注熊猫和其他珍稀动植物的生存环境保护,深化彼此合作与信任、民间交往与友谊。这次会议由新华通讯社四川分社、新华通讯社新闻信息中心、中国野生动物保护协会、成都传媒集团主办。(完)