Connect with us

Africa & Middle East

“ပါလက်စတိုင်းများနှင့် အပြည်ပြည်ဆိုင်ရာ သွေးစည်းညီညွတ်ရေးနေ့” ၊ အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲအဆုံးသတ်ရေး တိုက်တွန်းသံများ ရပ်တန့်မှုမရှိ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပါလက်စတိုင်း သွေးစည်းညီညွတ်ရေး လူထုစုဝေးပွဲ၌ ပါဝင်သူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)
နိုဝင်ဘာလ ၂၉ ရက်သည် “ပါလက်စတိုင်းများနှင့် အပြည်ပြည်ဆိုင်ရာ သွေးစည်းညီညွတ်ရေးနေ့” ဖြစ်သည်။ လွန်ခဲ့သည့်လအနည်းငယ်အတွင်း ပါလက်စတိုင်း-အစ္စရေး အပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုမှာ ရပ်လိုက် ပြန်စလိုက်နှင့် အောင်မြင်မှုမရှိခဲ့ပေ။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်တစ်ဖန် ဖြစ်ပွားချိန်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း ၄၄,၀၀၀ ကျော် သေဆုံးကာ ၁၀၅,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
အရပ်သားများ သေဆုံးဒဏ်ရာရမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားလာစေခြင်းမှ ရှောင်ရှားရန်အတွက် အစ္စရေးအား ချက်ချင်း အပစ်အခတ်ရပ်စဲပြီး စစ်ပွဲကိုရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံအသီးသီးမှ ပြည်သူလူထုများက တစ်နှစ်ကျော်ကြာ ထပ်ခါတလဲလဲ တိုက်တွန်းခဲ့ကြသည်။ (Xinhua)

ဗြိတိန် မြို့တော်လန်ဒန်တွင် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး အကောင်အထည်ဖော်ရန် ဆန္ဒပြလူထုစုဝေးပွဲ၌ ပါဝင်ခဲ့ကြသော ပါလက်စတိုင်း ထောက်ခံသူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


……………………………………..
(Chinese Version)
“声援巴勒斯坦人民国际日”:停火止战 呼声不止
开罗,2024年11月30日
11月29日是“声援巴勒斯坦人民国际日”。过去数月里,巴以停火谈判时断时续,未见突破。据巴勒斯坦加沙地带卫生部门27日发布的数据,去年10月新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成超过4.4万巴勒斯坦人死亡、近10.5万人受伤。
一年多来,国际社会和各国民众多次呼吁以色列立即停火止战,避免加剧平民死伤、人道主义危机进一步恶化。
图说 1:2024年1月13日,人们在印度尼西亚雅加达参加声援巴勒斯坦的集会(无人机照片)。新华社发(德维·阿其拉夏摄)
图说 2:2023年11月11日,巴勒斯坦支持者在英国首都伦敦参加游行集会,呼吁在加沙地带尽快实现停火。新华社记者 李颖 摄