Connect with us

North America

သတင်းနောက်ခံအကြောင်းအရာ- အမေရိကန်သမိုင်းတွင် အငြင်းပွားဖွယ်ဖြစ်ခဲ့သော သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်များ

“ဝါးတားဂိတ်အရှုပ်တော်ပုံ” ပေါက်ကြားပြီးနောက် ကျင်းပသော မီဒီယာဧည့်ခံပွဲတွင် Nixon အား ၁၉၇၃ ခုနှစ်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က ဒီဇင်ဘာ ၁ ရက်တွင် ၎င်း၏ ယခင်သဘောထားကို ပြောင်းလဲခဲ့ပြီး သားဖြစ်သူ ဟန်တာဘိုင်ဒန်အား လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာခဲ့ရာ ကြီးမားသောအငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။
အမေရိကန်သမိုင်းတွင် အငြင်းပွားဖွယ်ဖြစ်ခဲ့သော သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၇၄ ခုနှစ် စက်တင်ဘာ ၈ ရက်တွင် ထိုစဉ်က အမေရိကန်နိုင်ငံ သမ္မတ Gerald Ford က “ဝါးတားဂိတ်အရှုပ်တော်ပုံ”ကြောင့် ဖြုတ်ချခံခဲ့ရသော သမ္မတဟောင်း Richard Nixon အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ Nixon အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းကို အမေရိကန် အများစုက မထောက်ခံကြောင်း နောက်ပိုင်းတွင် စစ်တမ်းများက ဖော်ပြခဲ့သည်။ ၁၉၇၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် Ford ရှုံးနိမ့်ခဲ့သည်။ Nixon အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် Ford သမ္မတလောင်း မရွေးချယ်ခံရခြင်း၏ အဓိက အကြောင်းရင်းများအနက် တစ်ခုဖြစ်သည်ဟု အမေရိကန် သမိုင်းပညာရှင်များက ယူဆကြသည်။

၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် ကလင်တန် ရာထူးမှ နုတ်ထွက်သည့်နေ့တွင် ၎င်း၏ အမေတူအဖေကွဲ ညီဖြစ်သူ ရော်ဂျာကလင်တန်နှင့် သူဌေးကြီး Mark Rich တို့အပါအဝင် လူပေါင်း ၁၄၀ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၅ ရက်တွင် ထိုစဉ်က အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က သမ္မတ အမျိုးသားလုံခြုံရေးရာလက်ထောက်ဟောင်း Michael Flynn ၏ စွပ်စွဲချက်အားလုံးကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း ကြေညာခဲ့သည်။ အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်ပါတီ မှ အကြီးအကဲများက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အာဏာကို အလွဲသုံးစားလုပ်သည့်အတွက် ထရမ့်ကို ဝေဖန်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ထရမ့်က အီရတ်အရပ်သားများအား ပစ်ခတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော Blackwater လုံခြုံရေးကုမ္ပဏီဝန်ထမ်းဟောင်းအပါအဝင် လူပေါင်း ၁၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ထရမ့်၏ ထိုလုပ်ရပ်သည် အမေရိကန်အနေဖြင့် လိုက်နာရမည့် နိုင်ငံတကာ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် လူသားချင်းစာနာမှုဝါဒကို ဖျက်ဆီးခြင်းနှင့် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း လုပ်ဆောင်ပြီး ပြစ်ဒဏ်မခံရသော နမူနာဆိုး ဖြစ်ကြောင်း၊《ဂျီနီဗာကွန်ဗင်းရှင်း》ချုပ်ဆိုထားသော နိုင်ငံများအားလုံးအနေဖြင့် ထိုလုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချသင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ နိုင်ငံခြား ကြေးစားတပ်ရေးရာ လုပ်ငန်းအဖွဲ့မှ ပညာရှင် ၅ ဦးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၃ ရက်တွင် ထရမ့်က ၎င်း၏ရေရှည်အကြံပေး Roger Stone၊ မဲဆွယ်စည်းရုံးရေးအဖွဲ့တာဝန်ခံဟောင်း Paul Manafort နှင့် သားမက် Jared Kushner ၏ ဖခင် Charles Kushner တို့ အပါအဝင် စုစုပေါင်း ၂၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။(Xinhua)

အမေရိကန်နိုင်ငံ၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ Charlotte မြို့တွင် ကျင်းပသော အမေရိကန် ရီပက်ဘလစ်ကန် အမျိုးသားညီလာခံ၌ မိန့်ခွန်းပြောကြားနေသော ထိုစဉ်က အမေရိကန် သမ္မတ ထရမ့်ကို ဗီဒီယိုဖန်သားပြင်မှတစ်ဆင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………………
(Chinese Version)
新闻背景|美国历史上那些引发争议的总统赦免事件
新华社华盛顿12月2日电 美国总统拜登12月1日改变其此前立场,宣布赦免其子亨特·拜登,引发巨大争议。
以下是美国历史上的一些引发争议的总统赦免事件:

——1974年9月8日,时任美国总统福特赦免其前任、因“水门事件”下台的尼克松。随后的民调显示,多数美国人不赞成赦免尼克松。1976年,福特竞选总统失败。美国历史学家认为,赦免尼克松是福特竞选总统失败的主要原因之一。
——2001年1月20日,克林顿在卸任总统当天赦免140人,包括其同母异父弟小罗杰·克林顿和富豪马克·里奇。
——2020年11月25日,时任美国总统特朗普宣布,赦免前总统国家安全事务助理迈克尔·弗林的全部罪名。美国国会众议院民主党高层人士批评特朗普滥用总统赦免权力。
——2020年12月22日,特朗普赦免15人,其中包括被判枪杀伊拉克平民罪名成立的前“黑水”保安公司雇员。联合国人权理事会雇佣军问题工作组5名专家发表声明说,特朗普此举违反了美国理应承担的国际法义务,在全球范围内树立了一个破坏人道主义和侵犯人权而不受惩罚的坏榜样,所有《日内瓦公约》的缔约国都应对这一做法予以谴责。
——2020年12月23日,特朗普宣布赦免26人,包括其长期顾问罗杰·斯通、其前竞选团队负责人保罗·马纳福特和女婿贾里德·库什纳的父亲查尔斯·库什纳。
图说1:这是尼克松在水门丑闻曝光后举行记者招待会的资料照片(摄于1973年)。新华社发
图说2:2020年8月24日拍摄的视频画面显示,时任美国总统特朗普在北卡罗来纳州夏洛特市举行的美国共和党全国代表大会上讲话。新华社记者刘杰摄