Connect with us

North America

ကာကွယ်ရေးအသုံးစရိတ်ပိုမိုပေးအပ်ရန် အမေရိကန်ကွန်ဂရက်၌ ပင်တဂွန်တောင်းဆို

အမေရိကန်ရေတပ် တပ်ဖွဲ့ ဝင်များ USS Gerald R.Ford စစ်သင်္ဘောပေါ်သို့  တက်ရောက်နေသည်ကို ၂ဝ၁၇ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန(DoD) က ၂ဝ၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်ကို အမေရိကန်ဒေါ်လာ ၇၁၆ ဘီလီယံ ထုတ်ပေးရန် ကွန်ဂရက်က ဘက်ဂျတ်အသစ် အတည်ပြုမှု ကန့်သတ်ချက်အကြောင်း ဆွေးနွေးစဉ် ဖေဖော်ဝါရီ ၁၂ ရက်က တောင်းဆိုလိုက်ပြီး ၊ ယင်းပမာဏမှာ လက်ရှိ အသုံးပြုနေသော ဘက်ဂျက်ထက် ၁ဝ ရာခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း သိရသည်။

ယင်းမှာ မကြာသေးခင်နှစ်များအတွင် ပင်တဂွန်၏ အခြေပြဘက်ဂျက်တောင်းဆိုမှု အမြင့်ဆုံး ၆ဝဝ ဘီလီယံကို ကျော်လွန်သွားသည့် ပထမဆုံးအကြိမ် ဘက်ဂျက်တောင်းခံမှုဖြစ်ကြောင်း နှင့် အမေရိကန်ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန် တွန်းအားပေးမှုတစ်ရပ်ဖြစ်ကြောင်း သိရသည်။

ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့ရှိ အမျိုးသားစစ်သင်္ချု ိင်း၌ ကျဆုံးအမေရိကန်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုအလံငယ်များ စိုက်ထူပေးနေစဉ်(ဆင်ဟွာ)

အမေရိကန်စစ်သင်္ဘော U.S . Marines MV-22B အားတွေ့ရစဉ် (ဆင်ဟွာ)

အခြေပြဘက်ဂျက်တွင် အမေရိကန်ဒေါ်လာ ၆၁၇ ဘီလီယံကို ပင်တဂွန်စစ်ဌာနချုပ်အသုံးစရိတ် နှင့် စစ်လက်နက်ဝယ်ယူမှု အတွက်အသုံးပြုရန် ဖြစ်ကြောင်း ၊ ၆၉ ဘီလီယံကို နိုင်ငံရပ်ခြား၌ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော အမေရိကန်စစ်စခန်းများအတွက်ဖြစ်ကြောင်း( စစ်ပွဲအသုံးစရိတ်ဟုလည်း ဆိုနိုင်ကြောင်း) နှင့် ၃ဝ ဘီလီယံကို အစိုးရအဖွဲ့အစည်းများအတွက် ကာကွယ်ရေးဘက်ဂျက်ခွဲပေးရန်အတွက်ဖြစ်ကြောင်း သိရသည်။

လာမည့်နှစ် နှစ်တာအတွက် စစ်ရေး နှင့် ပြည်တွင်းရေး အသုံးစရိတ်ကို မြှင့်တင်ခြင်းဆိုင်ရာ အဆိုပြုချက်ကို ကွန်ဂရက်က ပြီးခဲ့သော ရက်သတ္တပတ်တွင် အတည်ပြုပေးခဲ့သည်။ယင်းမှာ ၂ဝ၁၈ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ၇ဝဝ ဘီလီယံ နှင့် ၂ဝ၁၉ ခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ၇၁၆ ဘီလီယံ တို့ပါဝင်သည်။

ပြီးခဲ့သော ဖေဖော်ဝါရီ ၁၂ ရက်က ကွန်ဂရက်၌ မိန့်ခွန်းပြောကြားစဉ် ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲ David Norquist က အမျိုးသားကာကွယ်ရေးမဟာဗျူဟာ နှင့် အမျိုးသားလုံခြုံရေးမဟာဗျူဟာ ကို ထုတ်ဖော်ပြောကြားခဲ့ပြီး “ အလွန်ကြီးမားသော အင်အားပါဝါ ပြိုင်ဆိုင်မှု” ပေါ် အလေးပေးကြောင်း ထည်းသွင်းပြောကြားခဲ့သည်။

အသုံးစရိတ် အသေးစိတ်ခွဲဝေမှုအရ အမေရိကန်ကြည်းတပ်က ဒေါ်လာ ၁၄၃ သန်း ၊ ရေတပ်က ၁၇၉ သန်း ၊ လေတပ်က ၁၇ဝ သန်း နှင့် ကာကွယ်ရေးဝန်ကြီးဌာနရှိ အေဂျင်စီများအတွက် ၁ဝ၅ သန်း အသီးသီး ဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ခြင်းနှင့်အတူ ပင်တဂွန်စစ်ဌာနချုပ်သည်လာမည့် ၂ဝ၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်ကုန်ပိုင်းထိ တပ်သားပေါင်း ၂၅,၉ဝဝ ဦးကို ထပ်မံဖြည့်ဆည်းသွားရန် နှင့် လစာငွေကို ၂.၆ ရာခိုင်နှုန်းတိုးမြှင့်ပေးရန် ရှိကြောင်း သိရသည်။ ယင်းပမာဏမှာ ကိုးနှစ်တာကာလအတွင်း အမြင့်ဆုံး လစာနှုန်းတိုးမြှင့်မှုဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.