Connect with us

North America

ရုရှားလေယာဉ်ပျက်ကျမှု အပါအဝင် အရှေ့အလယ်ပိုင်း ကိစ္စရပ်များအား ထရမ့် နှင့် ပူတင်တို့ ဖုန်းဖြင့်ဆွေးနွေး

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့ ၂၀၁၇ခုနှစ် နိုဝင်ဘာ ၁၁ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်တို့သည် ရုရှားလေယာဉ်ပျက်ကျမှု အပါအဝင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် မြောက်ကိုရီးယားနိုင်ငံ အရေးတို့ နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၂ရက်တွင် ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ ထရမ့်က Saratov Airlines Flight 703 လေယာဉ် ဖေဖော်ဝါရီ ၁၁ရက်တွင်ပျက်ကျခဲ့မှုအပေါ် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး လေယာဉ်ပျက်ကျမှုအား စုံစမ်းစစ်ဆေးမှုအတွင်း ရုရှားအာဏာပိုင်များ အား အကူအညီပေးရန် အမေရိကန်နိုင်ငံ က အသင့်ရှိနေကြောင်းပြောကြားခဲ့သည်။

လူ ၇၁ဦးလိုက်ပါလာသော ရုရှားလေယာဉ်သည် မော်စကိုမြို့မှ ထွက်ခွာလာပြီး မကြာမီ ပျက်ကျခဲ့ရာ ခရီးသည် ၆၅ဦး နှင့် လေယာဉ်ဝန်ထမ်း ၆ဦး စလုံး သေဆုံးခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ ပူတင်က ၎င်းသည် ပါလက်စတိုင်းသမ္မတ Mahmoud Abbas အား ဖေဖော်ဝါရီ ၁၂ရက်နေ့နှောင်းပိုင်းတွင် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်ကလည်း အချိန်ကြာမြင့်နေပြီဖြစ်သော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဆက်လက်လုပ်ဆောင်ရန် အချိန်ကျပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၂ရက်နေ့ ဆွေးနွေးပြောဆိုမှုအတွင်း ထရမ့် နှင့် ပူတင်တို့သည် ကိုရီးယားကျွန်းဆွယ် အတွင်း နျူကလီးယားကင်းစင်ရေးအပါအဝင် ဘုံစိုးရိမ်ပူပန်မှုများဖြစ်သည့် အခြားသော အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ အိမ်ဖြူတော်က ထရမ့်သည် ရှေ့ဆက်လုပ်ဆောင်မှုများ၏ အရေးပါမှုကို ထပ်လောင်းပြောကြားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.