Connect with us

Culture & Entertainment

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းအဖြစ် သတ်မှတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
၁၉ ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းအဖြစ် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ဒီဇင်ဘာ ၅ ရက်၌ ပထမဆုံး တရားဝင်သတ်မှတ်ခြင်းခံခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံမှ သိရသည်။
ပါရာဂွေးနိုင်ငံ အာဆွန်စီယွန်မြို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်သည့် ၁၉ ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံ၌ တရားဝင်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကမြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် ပတ်သက်သည့် အဆိုပြုစာတွဲကို ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီသို့ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်၌ ပေးပို့တင်သွင်းခဲ့ခြင်းဖြစ်သည်။
မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်ခြင်းအားဖြင့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား ကမ္ဘာကပိုမိုသိရှိလာနိုင်ခြင်း၊ မျိုးဆက်သစ် နောင်လာနောက်သားများကို လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ခြင်း၊ အတာသင်္ကြန်ကို ရိုးမပျက်ထိန်းသိမ်းကျင်းပနိုင်ရေးအတွက် ပြည်သူလူထု၏ အသိအမြင်ပိုမိုပွင့်လန်းလာစေခြင်း၊ မြန်မာနိုင်ငံ၏ အခြားသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အတွေ့အကြုံကောင်းများနှင့် အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.