Connect with us

Media

ချန်းလူမျိုးတို့၏ နှစ်သစ်ကူးပွဲတော် ရိုးရာဓလေ့များ

စီချွမ်း၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ်၌ ကျင်းပဆင်နွှဲသည့် ချန်းလူမျိုးတို့၏ နှစ်သစ်ကူးပွဲတော်ကို လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ယူနက်စကိုက ထည့်သွင်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပွဲတော်သည် ၂၀၀၉ ခုနှစ်တွင် အရေးပေါ်ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း၌ ထည့်သွင်းခြင်းခံခဲ့ရသည်။ ထို့အပြင် ချန်းလူမျိုးတို့၏ နှစ်သစ်ကူးပွဲတော်သည် ချန်းတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်လည်းဖြစ်သည်။ အဆိုပါ ပွဲတော်သည် တရုတ်ပြက္ခဒိန် ၁၀ လမြောက်၏ ပထမနေ့တွင် ကျရောက်ပြီး အထူးသဖြင့် ပွဲတော်ကာလမှာ ၃ ရက်မှ ၅ ရက်အထိ ကျင်းပလေ့ရှိသည်။ (Xinhua)

……………………………………..
(English Version)
A glimpse of Qiang New Year festival traditions
UNESCO has added Qiang New Year festival, celebrated in China’s Sichuan province, to its Representative List of Intangible Cultural Heritage of Humanity.
The festival was included in 2009 in the List of Intangible Cultural Heritage in Need of Urgent Safeguarding.
Qiang New Year is the traditional festival of the ethnic Qiang people.
It falls on the first day of the tenth lunar month, and celebrations typically last three to five days.