Connect with us

Africa & Middle East

အကျင့်ပျက်ခြစားမှုစွပ်ချက်ကြောင့် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟု ပထမဆုံးအကြိမ် တရားရုံးတွင် သက်သေထွက်ဆို

Tel Aviv ခရိုင်တရားရုံး ကြားနာပွဲ တက်ရောက်လာသော အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုအား ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ/JINI)

ဂျေရုဆလမ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟုသည် အကျင့်ပျက်ခြစားမှုစွပ်စွဲချက်ကြောင့် ပထမဆုံးအကြိမ် သက်သေထွက်ဆိုခဲ့ရရာ အဆိုပါနိုင်ငံ သမိုင်းတွင် ပထမဆုံး တရားခံအနေဖြင့် တရားရုံးတွင် သက်သေထွက်ဆိုခဲ့သည့် တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
အဆိုပါနေ့ ကြားနာမှုကို Tel Aviv ခရိုင်တရားရုံးတွင် ကျင်းပခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၁၁း၃၀ ခန့်တွင် နေတန်ယာဟုက စတင် သက်သေထွက်ဆိုခဲ့ပြီး ၎င်းသည် အသိသက်သေနေရာတွင် အစအဆုံး မတ်တတ်ရပ်နေခဲ့ကြောင်း ရုပ်မြင်သံကြားတွင် ပြသခဲ့သည်။ နိုင်ငံကို ကာကွယ်ရန် ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် နှိုင်းယှဉ်ပါက ၎င်းအား စွဲချက်တင်ထားခြင်းမှာ “မပြောပလောက်”သာဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
နေတန်ယာဟုအပေါ် တရားစီရင်ခြင်းသည် “နိုင်ငံရေးအရ နှိပ်စက်မှု” ဖြစ်ကြောင်းနှင့် ထိုအမှုအား ပယ်ချသင့်ကြောင်း နေတန်ယာဟု၏ ရှေ့နေ Amit Hadad ကပြောကြားခဲ့သည်။
ထိုနေ့တွင် နေတန်ယာဟုအား ထောက်ခံကြောင်း ဖော်ပြရန်အတွက် အစ္စရေးနိုင်ငံ ဝန်ကြီးများနှင့် လွှတ်တော်အမတ် အများအပြားသည် ဝန်ကြီးချုပ်ရုံး၏ ခေါ်ယူမှုကို တုန့်ပြန်သောအားဖြင့် တရားရုံးကြားနာပွဲသို့ တက်ရောက်ခဲ့ကြသည်။ နေတန်ယာဟုကို ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှု အဖွဲ့ (ဟားမက်စ်) က ဖမ်းဆီးထားသော အစ္စရေးသားများအား ပြန်လွှတ်ပေးရန် ကြိုးပမ်းသင့်ကြောင်း အစ္စရေးလူထုတချို့က တရားရုံးအပြင်ဘက်တွင် ဆန္ဒပြ တိုက်တွန်းခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် အစ္စရေးအစိုးရရှေ့နေများက အဂတိလိုက်စားမှု၊ လိမ်လည်မှုနှင့် ပြည်သူ့ယုံကြည်မှုကို ချိုးဖောက်မှု စွဲချက်သုံးရပ်ဖြင့် နေတန်ယာဟုအား တရားစွဲခဲ့သည်။ ထိုနှစ် မေလတွင် တရားရုံးသည် အဆိုပါ အကျင့်ပျက်ခြစားမှုစွပ်စွဲချက်နှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ကြားနာမှု ပြုလုပ်ခဲ့သောကြောင့် နေတန်ယာဟုသည် တရားစီရင်ရေး ရုံးတင်စစ်ဆေးခြင်းခံရသည့် ပထမဆုံးသော အစ္စရေးနိုင်ငံ၏ တာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
အစ္စရေးနိုင်ငံ ဥပဒေအရ အပြစ်ရှိကြောင်း ဝန်ခံခြင်းမှလွဲ၍ ဝန်ကြီးချုပ်သည် တရားစီရင်ရေးဆိုင်ရာ ရုံးတင်စစ်ဆေးခြင်းခံရသောကြောင့် ရာထူးမှနုတ်ထွက်ရန် မလိုအပ်ပေ။ နေတန်ယာဟုသည် လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း တစ်ပတ်လျှင် သုံးကြိမ် တရားရုံးတွင် သက်သေထွက်ဆိုမည်ဖြစ်ပြီး တရားရုံးက အစောဆုံးအနေဖြင့် ၂၀၂၆ ခုနှစ်မတိုင်မီ စီရင်ချက်ချမည်ဟု မျှော်လင့်ထားကြောင်း အစ္စရေးမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အကယ်၍ ပြစ်မှုများကို အတည်ပြုခဲ့လျှင် နေတန်ယာဟုသည် အဂတိလိုက်စားမှုအတွက် အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်နှင့် လိမ်လည်မှုနှင့် လူထုယုံကြည်မှုကို ချိုးဖောက်မှုအတွက် အမြင့်ဆုံး စုစုပေါင်း ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရခြင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


…………………………..
(Chinese Version)
以总理内塔尼亚胡首次因涉贪腐案出庭作证
新华社耶路撒冷12月10日电 以色列总理内塔尼亚胡10日首次因涉嫌贪腐案出庭作证,成为该国历史上第一位以被告身份出庭作证的在任总理。
当天的庭审在特拉维夫地方法院举行。电视画面显示,当地时间上午11时30分左右,内塔尼亚胡开始作证,他全程站在证人席上。他说,与保卫国家所面临的挑战相比,针对自己的指控“微不足道”。
内塔尼亚胡的律师阿米特·哈达德在庭审时称,针对内塔尼亚胡的审判是“政治迫害”,该案件应被驳回。
当天,多名以色列部长和议员响应总理办公室的号召出席庭审,以表示对内塔尼亚胡的支持。一些以色列民众在法庭外抗议,敦促内塔尼亚胡致力于释放被巴勒斯坦伊斯兰抵抗运动(哈马斯)扣押的以色列人。
2020年初,以色列检方以受贿、欺诈和违背公众信任3项指控正式起诉内塔尼亚胡。同年5月,法院首次开庭审理该起涉嫌贪腐案,内塔尼亚胡因此成为以色列首位接受司法审理的在任总理。
根据以色列法律,除非认罪,总理无需因接受司法审理而辞职。据以色列媒体报道,内塔尼亚胡将在接下来的数周时间内每周出庭作证三次,法院预计最早于2026年作出判决。如果罪名成立,内塔尼亚胡因受贿面临的刑罚将是最高10年监禁,因欺诈和违背公众信任面临的刑罚将是总共最高3年监禁。(完)
图说1:12月10日,以色列总理内塔尼亚胡在特拉维夫地方法院出庭作证。新华社发(鲁文·卡斯特罗摄/基尼图片社)