Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးတွင် လူသားနှင့် ဆင် ပဋိပက္ခဖြစ်ပွားမှု လျှော့ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးရှိ ဝင်္ဂဘော်ဆင်စခန်းတွင် ရေချိုးနေသောဆင်များကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးတွင် တောဆင်ရိုင်းများ၏ လှည့်လည်ကျက်စားမှုများ ထိန်းချုပ်ရန်နှင့် လူသားနှင့် ဆင် ပဋိပက္ခဖြစ်ပွားမှု လျှော့ချရန် ကြိုးပမ်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာ Global New Light of Myanmar က ဒီဇင်ဘာ ၁၆ ရက်၌ သတင်းဖော်ပြခဲ့သည်။
ပဲခူးရိုးမသစ်တောဧရိယာအနီးက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တွင် တောဆင်ရိုင်းကောင်ရေ ၃၀ ခန့် ပါဝင်သော ဆင်အုပ်လှည့်လည်ကျက်စားလျက်ရှိကြောင်း၊ ဒေသခံများနှင့် ပဋိပက္ခဖြစ်ပွားလျက်ရှိကြောင်း သတင်း၌ ဖော်ပြထားသည်။
ယင်းဖြစ်ရပ်များကြောင့် ဒေသခံများအကြား ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့သလို တောဆင်ရိုင်းများလည်း ဒဏ်ရာရ၊ သေဆုံးမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် သစ်တောဦးစီးဌာနအနေဖြင့် NGO အဖွဲ့များနှင့် ပူးပေါင်း၍ လူသားနှင့် ဆင် ပဋိပက္ခဖြစ်ပွားလျက်ရှိသော ယင်းဒေသများတွင် လျှပ်စစ်ခြံစည်းရိုးကာရံရန်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများနှင့် လယ်ကွင်းများတွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သတင်းအရ သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီးရှိ ဝင်္ဂဘော်ဆင်စခန်းတွင် ဆင်စီးနေသော ဆင်ထိန်းတစ်ဦးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(English Version)
Efforts underway to reduce human-elephant conflicts in Myanmar’s Yangon

YANGON, Dec. 16 (Xinhua) – Efforts are being made to control the movement of wild elephants and reduce conflicts between humans and elephants in Myanmar’s Yangon, the state-run Global New Light of Myanmar reported on Monday.
In Hlegu and Taikkyi townships of Yangon region, near the Bago Yoma Forest area, a herd of approximately 30 wild elephants has been roaming, causing conflicts with residents, the report said.
These incidents have resulted in fatalities among locals and injuries or deaths of the wild elephants, it added.
To address these issues, the Forest Department, in collaboration with NGOs, plans to install electric fences in areas where human-elephant conflicts occur and conduct awareness campaigns in nearby villages and farmlands, the report said.
Photo 1: Elephants bathe at the Wingabaw Elephant Camp in Bago region, Myanmar on Jan. 7, 2022. (Xinhua/U Aung)
Photo 2: An elephant keeper rides on an elephant at the Wingabaw Elephant Camp in Bago region, Myanmar on Jan. 7, 2022. (Xinhua/U Aung)