Connect with us

China

ဆောင်းခိုရန် ချောင်ဟိုင်ရေကန်သို့ ထောင်ပေါင်းများစွာသော ငှက်များ စုဝေးပျံသန်းလာကြ

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချောင်ဟိုင် အမျိုးသားသဘာဝဘေးမဲ့ဇုန်တွင် ဆောင်းခိုရန် ရောက်ရှိနေသော ရွှေ့ပြောင်းငှက်များကို ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝေးနင် (ကွေ့ကျိုး)၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ပိကျယ်မြို့၊ ဝေးနင်ခရိုင်ရှိ ချောင်ဟိုင် အမျိုးသားသဘာဝဘေးမဲ့ဇုန်သည် ပြီးပြည့်စုံသော၊ သဘာဝကုန်းပြင်မြင့်စိမ့်မြေဂေဟစနစ်တစ်ခုဖြစ်ပြီး နိုင်ငံပထမအဆင့်ကာကွယ်စောင့်ရှောက်ထားသော လည်ပင်းနက်ကြိုးကြာ (Black-necked crane) များ၏ အဓိကဆောင်းခိုရာနေရာတစ်ခုဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ထိုဒေသတွင် ချောင်ဟိုင်ဂေဟစနစ် ပြန်လည်ပြင်ဆင်ရေးနှင့် ကင်းလှည့်ထိန်းသိမ်းရေး ကြိုးပမ်းအားထုတ်မှုများ တိုးမြှင့်ဆောင်ရွက်ခဲ့ရာ လည်ပင်းနက်ကြိုးကြာငှက်ကောင်ရေသည် တစ်နှစ်ထက်တစ်နှစ် တိုးလာခဲ့သည်။
လက်ရှိတွင် ဆောင်းခိုရန် ချောင်ဟိုင်ရေကန်သို့ ပျံသန်းလာသော လည်ပင်းနက်ကြိုးကြာကောင်ရေ ၂,၅၀၀ ကျော်ရှိနေပြီဖြစ်ပြီး ကြိုးကြာခေါင်းမည်း (Common crane) များ၊ တောငန်း (Bar-headed goose) များ၊ ဟင်္သာ (Ruddy shelduck) များ စသည့် ငှက်များအပါအဝင်ဆိုလျှင် ငှက်ကောင်ရေ ၁၀၀,၀၀၀ ကျော်အထိ ရောက်ရှိလာပြီး ထောင်ပေါင်းများစွာသော ငှက်များ စုဝေးပျံသန်းနေကြသည့်ဂေဟစနစ်မြင်ကွင်း ဖြစ်ပေါ်စေသည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချောင်ဟိုင် အမျိုးသားသဘာဝဘေးမဲ့ဇုန်တွင် လည်ပင်းနက်ကြိုးကြာ (Black-necked crane) များကို ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချောင်ဟိုင် အမျိုးသားသဘာဝဘေးမဲ့ဇုန်တွင် တောငန်း(Bar-headed goose) များကို ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………………
(Chinese Version)
万鸟翔集 草海越冬
威宁(贵州),2024年12月17日
地处贵州省毕节市威宁县的草海国家级自然保护区是一个完整、典型的高原湿地生态系统,是国家一级保护动物黑颈鹤的主要越冬地之一。近年来,当地加大对草海生态系统修复力度和巡护力度,黑颈鹤数量逐年增加。
目前,前来草海越冬的黑颈鹤已达2500余只,加上灰鹤、斑头雁、赤麻鸭等,鸟类总数将达10万只,呈现万鸟翔集的生态景象。
图说1:这是12月16日在贵州草海国家级自然保护区拍摄的越冬候鸟。新华社记者 杨文斌 摄
图说2:这是12月16日在贵州草海国家级自然保护区拍摄的黑颈鹤。新华社发(沈光勇摄)
图说3:这是12月16日在贵州草海国家级自然保护区拍摄的斑头雁。新华社记者 杨文斌 摄