Connect with us

Politics, Law & Military

တရုတ်ဝိသေသလက္ခဏာဆောင်သော နိုင်ငံကြီး သံတမန်ရေး၏ ထင်ရှားသော အင်္ဂါရပ်များနှင့် မူလသမိုင်းပေးတာဝန်များ အကြောင်း ဝမ်ရိ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒီဇင်ဘာ ၁၇ ရက်တွင် ပေကျင်း၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် နိုင်ငံတကာ အခြေအနေနှင့် တရုတ်သံတမန်ရေးရာ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေးသည် ပါတီက အစဉ်အမြဲ ဦးဆောင်သည့် သံတမန်ရေးသာဖြစ်ပြီး မိမိတို့အနေဖြင့် သံတမန်ရေးလုပ်ငန်းများအပေါ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဗဟိုပြုစုစည်းဦးဆောင်မှုကို မယိမ်းမယိုင် အခိုင်အမာ လက်ကိုင်ထားဆောင်ရွက်ခြင်းဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒီဇင်ဘာ ၁၇ ရက်တွင် ၂၀၂၄ ခုနှစ် နိုင်ငံတကာ အခြေအနေနှင့် တရုတ်သံတမန်ရေးရာ ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။ ရှီကျင့်ဖိန်၏ ခေတ်သစ်တရုတ်ဝိသေသလက္ခဏာဆောင် ဆိုရှယ်လစ်ဝါဒဆိုင်ရာ အတွေးအခေါ်များ၊ အထူးသဖြင့် ရှီကျင့်ဖိန်၏ သံခင်းတမန်ခင်း အတွေးအခေါ်များကို အခြေခံထား အစဉ်တစိုက် လိုက်နာ၍ ပါတီဗဟိုကော်မတီမှ အတည်ပြုထားသော သံတမန်ရေးရာမဟာဗျူဟာ ဖြန့်ကြက်မှုကို အလေးအနက်ထား အကောင်အထည်ဖော်ကာ သံတမန်ရေးလုပ်ငန်းများတွင် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်သည့် အခင်းအကျင်းကြီးကို တည်ဆောက်ပြီး သံတမန်ရေးလုပ်ငန်းများအတွက် အင်အားကြီးမားသော စုပေါင်းအင်အားကို ကောင်မွန်စွာ ဖော်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ပါတီ၏ ဦးဆောင်မှုသည် တရုတ်ဝိသေသလက္ခဏာဆောင်သော နိုင်ငံကြီး သံတမန်ဆက်ဆံရေး၏ ထင်ရှားသော အင်္ဂါရပ်ဖြစ်ပြီး စိန်ခေါ်မှုအားလုံးကို ကျော်လွှားရာတွင် မိမိတို့၏ အကြီးမားဆုံးသော နိုင်ငံရေး အားသာချက်လည်း ဖြစ်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သံတမန်ရေးသည် အမြဲတစေ ပြည်သူများ၏ သံတမန်ရေးဖြစ်ပြီး၊ မိမိတို့သည် ပြည်သူများအား အခြေခံထားရည်ရွယ်သည့် သံတမန်ရေးကို အပြည့်အဝ နှလုံးသွင်း ကျင့်သုံးဖော်ဆောင်ကြောင်း၊ လွန်ခဲ့သောတစ်နှစ်တာတွင် နိုင်ငံရပ်ခြား အန္တရာယ်များသောဒေသများမှ မွေးချင်း ၁၀,၀၀၀ ကျော်ကို ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်ခဲ့ပါကြောင်း၊ လက်ဘနွန်မှ တရုတ်နိုင်ငံသားများ ခေါ်ဆောင်ရေး “မိုင်ထောင်ချီပြန်ခရီး” လမ်းကြောင်းကို ၄၈ နာရီကြာချိန်ဖြင့် ဖွင့်နိုင်ခဲ့ကြောင်း၊ တစ်နှစ်ပတ်လုံးတွင် ကောင်စစ်ဝန် ကူညီမှု အမှုပေါင်း ၅၀၀၀၀ ကျော် ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှု သံသယရှိသူ ၃,၀၀၀ ကျော်ကို နေရပ်သို့ ပြန်ပို့ခဲ့ကြောင်း၊ ကမ္ဘာ၏ မည်သည့်အစွန်အဖျားသို့ ရောက်နေပါစေ အမိနိုင်ငံသည် သင့်အနောက်မှာ အမြဲရှိနေသည်ကို လက်တွေ့လုပ်ဆောင်မှုများဖြင့် မိမိတို့၏ မွေးချင်းများကို သက်သေပြခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သံတမန်ရေးသည် ၎င်း၏တာဝန်ဝတ္တရားကို သတ္တိရှိရှိ အမြဲထမ်းဆောင်သော သံတမန်ရေး ဖြစ်ကာ မိမိတို့သည် နိုင်ငံ၏ အကျိုးစီးပွားနှင့် ပြည်သူတို့၏ ဂုဏ်သိက္ခာကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ကြောင်း၊ “ထိုင်ဝမ်ကိုအသုံးချပြီး တရုတ်နိုင်ငံကို ထိန်းချုပ်ရန်” ကြိုးပမ်းမှုနှင့် “အမေရိကန်ကို အားကိုးပြီး သီးခြားရပ်တည်ရေး”ဟူသော မှားယွင်းသည့်အတွေးများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို အခိုင်အမာ ကာကွယ်ကာ နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဖြစ်ပေါ်လာသော တရုတ်တစ်နိုင်ငံတည်း အခင်းအကျင်းကို တောင့်တင်းခိုင်မာစေမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ တချို့သော နိုင်ငံများ၏ တောင်တရုတ်ပင်လယ်တွင် ရန်စသည့် လုပ်ရပ်များကို ကျိုးကြောင်းဆီလျော်ပြီး ထိရောက်သော အခွင့်အရေးကာကွယ်သည့်လုပ်ဆောင်ချက်များ လုပ်ဆောင်ကာ အာဆီယံနိုင်ငံများနှင့်အတူ တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေးဟုဆိုကာ ပုံကြီးချဲ့ပြောနေခြင်းကို ရှင်းလင်းဖယ်ရှားခဲ့ရာ နိုင်ငံပေါင်း ၁၀၀ ကျော်က တရုတ်နိုင်ငံ၏ တရားမျှတသော ရပ်တည်ချက်ကို တခဲနက် ထောက်ခံခဲ့ကြကြောင်း၊ စံနှုန်းနှစ်ခု ထားရှိခြင်းသည် ၎င်းတို့ကိုယ့်ကိုယ်ကိုယ်သာ အရှက်ရစေပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းသည် လူတို့၏ ယုံကြည်မှုကို ရရှိမည်မဟုတ်ကို နိုင်ငံများက ပိုမိုနားလည်လာကြကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………………
(Chinese Version)
王毅谈中国特色大国外交的鲜明特征和初心使命
新华社北京12月17日电(记者马卓言)12月17日,中共中央政治局委员、外交部长王毅在2024年国际形势与中国外交研讨会上表示,中国外交始终是党领导的外交,我们毫不动摇坚持党中央对外交工作的集中统一领导。坚持以习近平新时代中国特色社会主义思想特别是习近平外交思想为根本遵循,认真贯彻落实党中央确定的外交战略部署,构筑对外工作大协同格局,形成做好对外工作强大合力。党的领导是中国特色大国外交的最鲜明特征,也是我们战胜一切风险挑战的最大政治优势。

中国外交始终是人民的外交,我们全心全意践行外交为民的根本宗旨。一年来从国外高风险地区累计平安撤回1万多位同胞,仅用48小时就打通黎巴嫩撤侨“万里归途”,全年处理领保求助案件5万多起,遣返电诈网赌嫌犯3000多人。我们用实际行动告诉所有同胞,无论走到天涯海角,祖国永远在你身后。
中国外交始终是勇担使命的外交,我们坚定维护国家利益和民族尊严。对“以台制华”的图谋和“倚美谋独”的迷思予以坚决反制,坚定捍卫国家的主权和领土完整,有力巩固国际社会形成的一个中国格局。对个别国家在南海的挑衅行径开展有理有力维权,与东盟国家共同维护南海和平稳定。对炒作所谓人权问题激浊扬清,形成100多国压倒性支持中方的正义立场,越来越多国家认识到,搞双重标准只能自取其辱、干涉别国内政终究不得人心。(完)
图说:12月17日,中共中央政治局委员、外交部长王毅在北京出席2024年国际形势与中国外交研讨会开幕式并发表演讲。新华社记者 张领 摄