Asia
တရုတ်-အိန္ဒိယ နယ်စပ်ရေးရာ အထူးကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု သဘောတူညီချက် ၆ ချက် ရရှိ
ပေကျင်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်-အိန္ဒိယ နယ်စပ်ရေးရာ အထူးကိုယ်စားလှယ်များ ၂၃ ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာ ၁၈ ရက်က ပေကျင်း၌ ကျင်းပခဲ့ရာ ယင်းမှာ ၅ နှစ်အတွင်း နှစ်ဖက်ကြား ပထမဆုံး တွေ့ဆုံမှုဖြစ်သည်။ တရုတ်အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံးအကြီးအကဲ ဝမ်ရိနှင့် အိန္ဒိယအထူးကိုယ်စားလှယ်၊ အိန္ဒိယနိုင်ငံလုံခြုံရေးအကြံပေး Ajit Doval တို့သည် နှစ်နိုင်ငံခေါင်းဆောင်များ၏ ကာဇန် တွေ့ဆုံဆွေးနွေးပွဲ အရေးကြီးသည့် ဘုံသဘောတူညီမှုများအရ တက်ကြွ၍ အပြုသဘောဆောင်သော သဘောထားဖြင့် အတူ တရုတ်-အိန္ဒိယ နယ်စပ်ရေးရာကိစ္စရပ်များအား လက်တွေ့ကျသော ဆွေးနွေးများ လုပ်ဆောင်ခဲ့ပြီး ဘုံသဘောတူညီချက် ၆ ချက် ရရှိခဲ့သည်။ ၎င်းတို့မှာ-
၁။ နှစ်နိုင်ငံနယ်စပ်ရေးရာဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ပြေလည်မှုရရှိရေးနည်းလမ်းများကို အပြုသဘောဆောင် သုံးသပ်ခဲ့ကြကာ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်မှု မရှိစေရန် နှစ်နိုင်ငံ ဆက်ဆံရေး အခင်းအကျင်းကြီးမှ နယ်စပ်ရေးရာ ကိစ္စရပ်များကို ကောင်းမွန်စွာ ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း ယူဆကြသည်။ နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် အစီအမံများ ချမှတ်၍ ဆက်လက် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ဖက်သဘောတူခဲ့ကြသည်။
၂။ ၂၀၀၅ ခုနှစ်တွင် နှစ်နိုင်ငံ အထူးကိုယ်စားလှယ်များ ရရှိထားသော နယ်စပ်ရေးရာ ဖြေရှင်းမှုဆိုင်ရာ နိုင်ငံရေး လမ်းညွှန်အခြေခံမူများအရ တရားမျှတသော၊ ကျိုးကြောင်းဆီလျော်သော၊ နှစ်ဖက်လုံးလက်ခံနိုင်သော နယ်စပ်ရေးရာ ကိစ္စရပ်များ ဖြေရှင်းရေးနည်းလမ်းကို ဆက်လက်ကြိုးပမ်းရှာဖွေပြီး အပြုသဘောဆောင်သော အစီအမံများဖြင့် ဤလုပ်ငန်းစဉ်ကို တွန်းအားပေးမည်ဖြစ်ကြောင်း နှစ်ဖက် ထပ်လောင်းပြောကြားခဲ့သည်။
၃။ နှစ်နိုင်ငံ နယ်စပ်အခြေအနေကို သုံးသပ်ခဲ့ပြီး နယ်စပ်ဒေသ စီမံထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများကို တစ်ဆင့်တိုး အသေးစိတ်ဆောင်ရွက်ရန်၊ ယုံကြည်မှု တည်ဆောက်ရေး အစီအမံများ အားကောင်းစေရန်၊ နယ်စပ် စဉ်ဆက်မပြတ် ငြိမ်းချမ်းတည်ငြိမ်ရေး ဖော်ဆောင်ရန် နှစ်ဖက် သဘောတူညီခဲ့ကြသည်။
၄။ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ အိန္ဒိယနိုင်ငံရှိ ဘုရားဖူးသူများ တရုတ်နိုင်ငံ ရှီးဇန့်သို့ ဘုရားဖူးခရီးစဉ်နှင့် နယ်စပ်ဖြတ်ကျော် မြစ်ကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် Nathu La နယ်စပ်ကုန်သွယ်မှု ပြန်လည်စတင်ရေး စသည်တို့ကို တွန်းအားပေးရန် နှစ်ဖက် သဘောတူညီခဲ့ကြသည်။
၅။ အထူးကိုယ်စားလှယ်တွေ့ဆုံဆွေးနွေးမှု ယန္တရားတည်ဆောက်ရေး တစ်ဆင့်တိုး အားကောင်းလာစေရန်၊ သံတမန်ရေး၊ စစ်ရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် နှစ်ဖက် သဘောတူခဲ့ကြပြီး တရုတ်-အိန္ဒိယ နယ်စပ်ရေးရာ ဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းယန္တရား (WMCC) အနေဖြင့် ယခုအကြိမ် အထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးပွဲ၏ နောက်ဆက်တွဲ အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။
၆။ နောက်တစ်ကြိမ် အထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးပွဲကို လာမည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ကျင်းပရန် နှစ်ဖက် သဘောတူညီခဲ့ကြပြီး အချိန်အတိအကျကိုမူ သံတမန်လမ်းကြောင်းများမှတစ်ဆင့် ညှိနှိုင်းသတ်မှတ်မည်။
ထို့အပြင် နှစ်ဖက်လုံးသည် ဘုံစိုးရိမ်မှုဖြစ်သော နှစ်နိုင်ငံ၊ နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း အမြင်သဘောချင်း ဖလှယ်ခဲ့ကြပြီး တည်ငြိမ်မှု၊ ခန့်မှန်း၍ရမှု၊ ကောင်းမွန်မှုရှိသော တရုတ်- အိန္ဒိယ ဆက်ဆံရေးသည် နိုင်ငံတကာနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုအပေါ် အရေးပါကြောင်း အလေးအနက် ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
中印边界问题特别代表会晤取得6点共识
新华社北京12月18日电 12月18日,中印边界问题特别代表第23次会晤在北京举行,这是五年来双方首次会晤。中方特别代表、中共中央政治局委员、中央外办主任王毅同印方特别代表、国家安全顾问多瓦尔根据两国领导人喀山会晤重要共识,本着积极和建设性态度,就中印边界问题进行实质性讨论并达成6点共识:
一、双方积极评价两国就边境有关问题达成解决方案,重申应继续做好落实工作,认为应从两国关系大局妥善处理边界问题,不使之影响双边关系发展。双方同意继续采取措施,维护好边境地区和平安宁,推动双边关系健康稳定发展。
二、双方重申按照2005年两国特别代表就解决边界问题达成的政治指导原则,继续寻求公平合理和双方都能接受的一揽子解决边界问题方案,并采取积极措施推动这一进程。
三、双方评估了边境局势,同意进一步细化边境地区管控规则,加强信任措施建设,实现边境可持续的和平安宁。
四、双方同意继续加强跨境交流合作,推动恢复印香客赴中国西藏朝圣、跨境河流合作及乃堆拉边境贸易等。
五、双方同意进一步加强特别代表会晤机制建设,加强外交军事谈判协调配合,并要求中印边境事务磋商和协调工作机制(WMCC)做好此次特代会晤的后续落实工作。
六、双方同意明年在印度举行新一轮特代会晤,具体时间通过外交渠道商定。
此外,双方还就共同关心的双边、国际和地区问题广泛深入交换意见,强调了一个稳定、可预测和良好中印关系对国际和地区和平稳定的重要性。(完)
图说:12月18日,中印边界问题特别代表第23次会晤在北京举行。中方特别代表、中共中央政治局委员、中央外办主任王毅同印方特别代表、国家安全顾问多瓦尔就中印边界问题和双边关系等进行深入、建设性沟通。新华社记者 姚大伟 摄