Connect with us

Africa & Middle East

အစ္စရေးအနေဖြင့် ဆီးရီးယား၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုအား ချိုးဖောက်မှုများကို ရပ်တန့်ရန် ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း

ဆီးရီးယားနိုင်ငံ ကူနီထရာနှင့် ဒါရာပြည်နယ်အကြား အုပ်ချုပ်ရေးနယ်နိမိတ်အနီးရှိ ကျေးရွာတစ်ရွာ၌ အစ္စရေး တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အစ္စရေးနိုင်ငံအနေဖြင့် ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုအား ချိုးဖောက်မှုများကို ရပ်တန့်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီဇင်ဘာ ၁၉ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
မဟာဗျူဟာမြောက် စစ်လက်နက်များနှင့် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖျက်ဆီးရန် ရည်ရွယ်သော အစ္စရေး၏ ကျယ်ကျယ်ပြန့်ပြန့် လေကြောင်းတိုက်ခိုက်မှုများ၊ အစ္စရေးက သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသနှင့် ဆီးရီးယားနိုင်ငံအကြားရှိ စစ်မဲ့ဇုန်ထဲသို့ အစ္စရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်မှုအပေါ် ပြစ်တင်ရှုတ်ချကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဂူတာရက်စ်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZKg


……………………………………………………………
(English Version)
UN chief urges Israel to stop violations of Syria’s sovereignty, territorial integrity
UN Secretary-General Antonio Guterres on Thursday urged Israel to stop violations of Syria’s sovereignty and territorial integrity.
Speaking at a press conference, Guterres condemned Israel’s extensive airstrikes on Syria aimed at destroying strategic weapons and military infrastructure and its troops’ entry into a demilitarized zone between Syria and the Israeli-occupied Golan Heights. xhtxs.cn/ZKg
English Caption
Israeli troops are seen at a village near the administrative border between the provinces of Daraa and Quneitra, Syria, on Dec. 17, 2024. (Photo by Gil Cohen Magen/Xinhua)