Connect with us

Myanmar

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအဆင့် အခြေခံပညာအထက်တန်းဆင့် (Grade-12) သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက် (၂၃/၁၂/၂၀၂၄ – MOI)
-ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ (၇/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ (၂၃/၁၂/၂၀၂၄ – MOI)
-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဌာနဆိုင်ရာရုံးများ လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများနှင့်တွေ့ဆုံ (၂၃/၁၂/၂၀၂၄ – MOI)
-ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ (၂၃/၁၂/၂၀၂၄ – MOI)
-မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် ဆောင်းနေကြာ စိုက်ဧက ၁၀၄၄ ဧက စိုက်ပျိုးပြီးစီး (၂၃/၁၂/၂၀၂၄ – MOI)
-မိတ္ထီလာမြို့နယ်၌ ဆည်ရေ၊ ကန်ရေဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၈၂၀ ဧက စိုက်ပျိုးသွားမည် (၂၃/၁၂/၂၀၂၄ – MOI)
-မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်ရှိ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့)ကွင်းဆင်း ဆေးကုသပေးနေမှုကြည့်ရှုအားပေး (၂၃/၁၂/၂၀၂၄ – MOI)
-ကချင်ပြည်နယ်ဝန်ကြီးချုပ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင် ပြန်လည်ရောက်ရှိလာကြသည့် ပြည်နယ်ကိုယ်စားပြုအားကစားအဖွဲ့များအား မြစ်ကြီးနားလေဆိပ်၌ လှိုက်လှဲနွေးထွေးစွာ ဂုဏ်ပြုကြိုဆို (၂၃/၁၂/၂၀၂၄ – MOI)

-ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး (၂၃/၁၂/၂၀၂၄ – MOI)

-၂၀၂၅ ခုနှစ်၊ မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၅ ခုနှစ်၊ မတ်လ (၁၇)ရက်နေ့မှ စတင်ကာ မတ်လ(၂၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူဦးရေ (၂၂၀၀၀၀)ဝန်းကျင် စာရင်းပေးသွင်းထား(၂၃/၁၂/၂၀၂၄ -MRTV)

-စစ်ကိုင်းမြို့ IBEC Buddhist University တွင် ပထမအကြိမ် သုတေသနစာတမ်း နှီးနှောဖလှယ်ပွဲကို (၂)ရက်တာ ကျင်းပ (၂၃/၁၂/၂၀၂၄ -MRTV)

-ကချင်ပြည်နယ်၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်- ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် ပြည်နယ်ကိုယ်စားပြု အားကစားသမားများကို မြစ်ကြီးနားလေဆိပ်တွင် ဂုဏ်ပြုကြိုဆို
(၂၃/၁၂/၂၀၂၄ -MRTV)

-စစ်ကိုင်းစက်မှုဇုန်ရှိ ကျင်းရှင်းနည်းပညာကုမ္ပဏီမှ ဖုန်းအားသွင်းကြိုးနှင့် တယ်လီဗေးရှင်းတွင် အသုံးပြုသောကြိုးများကို တစ်ရက်လျှင် ၉၀၀၀၀ နီးပါး ထုတ်လုပ်လျက်ရှိ (၂၃/၁၂/၂၀၂၄ -MRTV)

-5th AVF ASIAN Vovinam Championships 2024 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဗိုဗီနမ်အသင်း ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ် ခြောက်ခု ဆွတ်ခူးရရှိ (၂၃/၁၂/၂၀၂၄ -MRTV)

-နန်းယွန်းမြို့နယ် ပန်ဆောင်ဒေသအတွင်း စိုက်ပျိုးရေများ ဖြန့်ဝေနိုင်ရန် ရေလွှဲဆည်ငယ်များ တည်ဆောက်မည် (၂၃/၁၂/၂၀၂၄ -MRTV)