Connect with us

Asia

ဂျပန်လေကြောင်းလိုင်း စနစ် ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိ

တိုကျို၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ဂျပန်လေကြောင်းလိုင်း (JAL) ဆိုက်ဘာတိုက်ခိုက်ခံရမှုကြောင့် ချို့ယွင်းသွားသော ၎င်းစနစ်သည် ဒီဇင်ဘာ ၂၆ ရက် ညနေ ၂ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းက ထိုနေ့တွင်ပင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ဂျပန်လေကြောင်းလိုင်း၏ ဆိုက်ဘာစက်ပစ္စည်းများ ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရကာ ခရီးသည်အိတ်များ သယ်ဆောင်ရေးစသည့်စနစ်များ ချို့ယွင်းခဲ့ရသည်။ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ထိုနေ့တွင် ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်း အနည်းဆုံး ဒါဇင်နှင့်ချီ နှောင့်နှေးခဲ့ရကြောင်း ဂျပန် ကျိုဒိုသတင်းအေဂျင်စီ၏ အဆိုအရ သိရသည်။ ဂျပန်လေကြောင်းလိုင်းသည် လက်မှတ်ရောင်းချမှု ယာယီရပ်ဆိုင်းခဲ့ရပြီး ယခုအခါ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ကြောင်း သိရသည်။
ယခုအကြိမ် ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အသုံးပြုသူအချက်အလက်များ ပေါက်ကြားခြင်းမရှိကြောင်း ဂျပန်လေကြောင်းလိုင်းက ပြောကြားခဲ့သည်။ (Xinhua)


……………………………..
(Chinese Version)
日航遭网络攻击系统恢复正常
新华社东京12月26日电(记者陈泽安 李子越)日本航空公司26日发表声明说,其遭网络攻击而发生故障的系统已于当天14时20分左右恢复正常。
26日早上,日航网络设备遭到网络攻击,旅客行李托运等系统出现故障。据日本共同社报道,受网络攻击影响,当天至少数十个国内和国际航班延误。日航一度暂停机票销售,现已恢复。
日航表示,此次网络攻击未造成用户数据泄露。(完)