Connect with us

Media

ဝူဟန့် ငလျင်စောင့်ကြည့်ရေးစင်တာကို ဆိုက်ဘာတိုက်ခိုက်ခံရမှု တရုတ်နိုင်ငံ ရှုတ်ချ

ပေကျင်း၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့် ငလျင်စောင့်ကြည့်ရေးစင်တာအား ပြည်ပဟက်ကာအဖွဲ့က ဆိုက်ဘာတိုက်ခိုက်ခြင်းအပေါ် ရှုတ်ချကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဇူလိုင် ၂၆ ရက်၌ ပြောခဲ့သည်။

ဝူဟန့် ငလျင်စောင့်ကြည့်ရေးစင်တာအား ဆိုက်ဘာတိုက်ခိုက်မှုအပေါ် တုံ့ပြန်မှုနှင့်ပတ်သက်၍ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မော်က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကို တရုတ်နိုင်ငံ အမျိုးသား ကွန်ပျူတာဗိုင်းရပ်စ် အရေးပေါ်တုံ့ပြန်ရေးစင်တာနှင့် တရုတ် 360 ကုမ္ပဏီတို့က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်၌ ဝူဟန့်မြို့ အရေးပေါ်စီမံခန့်ခွဲမှုဗျူရိုမှ ကြေညာချက်နှင့် ဝူဟန့် ပြည်သူ့လုံခြုံရေးဗျူရိုမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကနဦးတွေ့ရှိထားသော သက်သေများအရ ထိုသို့ ဆိုက်ဘာတိုက်ခိုက်မှုသည် အမေရိကန်နိုင်ငံမှ လာခြင်းဖြစ်ကြောင်း မီဒီယာအချို့က ဖော်ပြထားသည်။

တရုတ်နိုင်ငံရှိ ဆက်စပ်အေဂျင်စီများထံမှ ထုတ်ပြန်ချက်များအရ ပြည်ပအစိုးရ ကျောထောက်နောက်ခံပြုထားသော ဟက်ကာအဖွဲ့က ဝူဟန့် ငလျင်စောင့်ကြည့်ရေးစင်တာအား ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း၊ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ဆိုးဝါးစွာ ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း မော်က ဆိုသည်။

“တာဝန်ယူမှုမရှိတဲ့ ဒီတိုက်ခိုက်မှုကို ကျွန်မတို့ရှုတ်ချပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မိမိတို့ရဲ့ ဆိုက်ဘာလုံခြုံရေးကို ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်တဲ့အရာကို လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

……………………………….
(English Version)
China condemns cyberattack on Wuhan Earthquake Monitoring Center
BEIJING, July 26 (Xinhua) — China condemned the cyberattack on the Wuhan Earthquake Monitoring Center by overseas hacker group, Chinese foreign ministry spokesperson Mao Ning said on Wednesday.
Mao made the remarks at a regular news briefing in response to a cyberattack on the Wuhan Earthquake Monitoring Center. The attack was detected by China’s National Computer Virus Emergency Response Center and Chinese company 360, according to a public statement issued by the Wuhan Municipal Emergency Management Bureau and a bulletin put up by the Wuhan Public Security Bureau on July 26. Some media outlets said preliminary evidence indicates that the cyberattack had come from the United States.
Mao said, according to the statements from relevant Chinese agencies, a hacker group with overseas government background launched a cyberattack on the Wuhan Earthquake Monitoring Center, which is a serious threat to China’s national security.
“We condemn the irresponsible attack. China will do what is necessary to safeguard our cybersecurity,” she added.