Myanmar
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းသို့ ၂၀၂၃ခု နှစ်တွင် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် (၄)သိန်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် (၅)သိန်းကျော်ဝင်ရောက်ခဲ့ (၈/၁/၂၀၂၅ – MOI)
-တာချီလိတ်မြို့၌ ပဉ္စမအကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်နေ့ ကျင်းပ (၈/၁/၂၀၂၅ – MOI)
-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်အစည်းအဝေး(၁/၂၀၂၅)သို့ တက်ရောက် အမှာစကားပြောကြား(၈/၁/၂၀၂၅ – MOI)
-လှိုင်းဘွဲမြို့နယ်၌ မိသားစုတစ်နိုင်တစ်ပိုင် စားဖိုဆောင်သီးနှံများ စိုက်ပျိုးကြ၍ ငွေကြေးစုဆောင်းနိုင် (၈/၁/၂၀၂၅ – MRTV)
-ရှမ်းပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကျောက်နီမွေးမြူရေးဇုန်တွင် မွေးမြူရေးဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး (၈/၁/၂၀၂၅ – MRTV)
-ကုန်သေတ္တာတင်မော်တော်ယာဉ်ကြီးများကြောင့် ယာဉ်ကြောကြပ်တည်းပိတ်ဆို့မှု ယခင်နှစ်များ ထက်လျော့နည်း ကျဆင်းလာ (၈/၁/၂၀၂၅ – MRTV)
-တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး သစ်လွင် သားဖွားဆရာမများ ရာထူးတာဝန် ခန့်အပ်လွှာ အပ်နှင်းပွဲ တက်ရောက် (၈/၁/၂၀၂၅ – MOI)
-ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ အားကစားနည်းအလိုက် ဆုတံဆိပ်များရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့် (၈/၁/၂၀၂၅ – MOI)