Asia
တရုတ်နိုင်ငံသား အမျိုးသားသရုပ်ဆောင် ဝမ်ရှင်းမှာ လူကုန်ကူးခံရသူဖြစ်ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အတည်ပြု
ဘန်ကောက်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
ကနဦး စုံစမ်းစစ်ဆေးမှုများအရ တရုတ်နိုင်ငံသား အမျိုးသားသရုပ်ဆောင် ဝမ်ရှင်းသည် လူကုန်ကူးခံရသူဖြစ်ကြောင်း၊ လာမည့် ၁ ရက်မှ ၂ ရက်အတွင်း တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ချုပ်ရုံး ရဲမှူးချုပ် Tatchai Pitaneelaboot က ဇန်နဝါရီ ၈ ရက်တွင် ထိုင်းမီဒီယာများ၏ မေးမြန်းမှုအတွင်း ဖြေကြားခဲ့သည်။
ဝမ်ရှင်းသည် သရုပ်ဆောင်ရွေးချယ်မှုတွင် ပါဝင်ရန် နိုင်ငံခြားသို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံမှ အိမ်နီးချင်းနိုင်ငံသို့ သွားခဲ့ရာ ထိုနေရာသို့ ရောက်ချိန်တွင် လိမ်လည်ခံရကြောင်း သိခဲ့ရသည်ဟု ထိုင်းမီဒီယာများ၏ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းစဉ်တွင် Tatchai က ပြောကြားခဲ့သည်။
သက်ဆိုင်ရာ လုပ်ငန်းစဉ်များအရ ထိုင်းနိုင်ငံ ဌာနအများအပြားမှ ဝန်ထမ်းများသည် ဝမ်ရှင်းအား သင့်လျော်ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်ထားပြီး ၎င်းနှင့် ၎င်းဆွေမျိုးများ အဆင်သင့်ဖြစ်ပါက ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ညှိနှိုင်းပူးပေါင်းကာ ခန့်မှန်းခြေ ၁ ရက်မှ ၂ ရက်အတွင်း ၎င်းကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း Tatchai က ထပ်မံ ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
泰国警方:确认中国籍男演员王星为人口贩运受害者
新华社曼谷1月8日电(记者陈倩慈 高博)泰国国家警察总署督察长塔查猜8日接受泰媒采访表示,经初步调查确认中国籍男演员王星为人口贩运受害者,后续计划在1至2天内将其送回中国。
塔查猜在接受泰媒电话采访时说,王星被骗出国参与选角,经泰国前往邻国,但到达邻国后发现被骗。
塔查猜还表示,根据相关程序,泰国多部门工作人员会妥善保护和照顾王星,在他和亲属准备好时,将协调中国驻泰国大使馆将其送返中国,预计不超过1至2天。(完)