North America
ဆီးနှင်းထဲတွင် ကွန်ဖူးပြသနေသော အမေရိကန်ရောက် ပန်ဒါဝက်ဝံ
ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အမျိုးသားတိရစ္ဆာန်ဥယျာဉ်တွင် တရုတ်မီဒီယာများအတွက် ပန်ဒါဝက်ဝံကြီး “ပေါင်လိ” နှင့် “ချင်းပေါင်” တို့ အထူးတွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ဝါရှင်တန်သို့ ရောက်ရှိသည်မှာ ၃ လနီးပါးရှိပြီဖြစ်သည့် ပန်ဒါဝက်ဝံကြီး “ပေါင်လိ” နှင့် “ချင်းပေါင်” သည် ဆီးနှင်းများ ကျနေသော ခြံဝင်းထဲတွင် ထိုင်နေပြီး လတ်ဆတ်သော ဝါးများ စားသုံးနေသည်။ ၎င်းတို့ နေထိုင်ရာအခန်းအသီးသီးသို့ ပြန်ရောက်ပြီးနောက် “ချင်းပေါင်” သည် နံရံကိုမှီ၍ ဝါးများ ဆက်လက်စားနေသည်။ “ပေါင်လိ” ကမူ သစ်သားလုံးများဖြင့် တည်ဆောက်ပေးထားသော ပလက်ဖောင်းအမြင့်ဆီသို့ တက်သွားပြီး ရှေ့လက်တွင် ခေါင်းတင်ကာ တစ်ရေးတစ်မော အိပ်နေသည်။ ပန်ဒါဝက်ဝံကြီး နှစ်ကောင်လုံး စိတ်ရောကိုယ်ပါ အခြေအနေကောင်းမွန်ကြောင်း၊ ပတ်ဝန်းကျင်အသစ်နှင့် ကောင်းကောင်းလိုက်လျောညီထွေ ဖြစ်နေပြီဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ် မွေးမြူရေးသမားနှင့် တိရစ္ဆာန်ဆရာဝန်က သတင်းထောက်များအား ပြောပြခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
雪中展身手 旅美熊猫“显功夫”
华盛顿,2025年1月10日
当日,华盛顿国家动物园为中国媒体举办大熊猫“宝力”和“青宝”专场见面活动。抵达华盛顿已近三个月的大熊猫“宝力”和“青宝”,坐在白雪皑皑的院落里,尽情享用新鲜竹子。回到各自馆舍后,“青宝”倚着墙壁,继续吃竹子;“宝力”爬上几处圆木搭建的高台,用前爪垫着脑袋,打起盹来。动物园的饲养员和兽医告诉记者,两只大熊猫身体和精神状态良好,已经很好地适应了新环境。
图说 1:1月9日,在美国华盛顿国家动物园,大熊猫“宝力”在熊猫馆的院落里活动。新华社记者 邓仙来 摄
图说 2:1月9日,在美国华盛顿国家动物园,大熊猫“青宝”在熊猫馆的院落里吃竹子。新华社记者 邓仙来 摄