မြန်မာ-ENG
စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေးအတွက် တရုတ်နှင့် ဗြိတိန် ကတိပြု
တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် ၁၁ ကြိမ်မြောက် တရုတ်-ဗြိတိန် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲကို ပေကျင်းမြို့တွင် ဇန်နဝါရီ ၁၁ ရက်၌ ကျင်းပခဲ့ကာ နှစ်နိုင်ငံ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး၍ မြှင့်တင်ရန် နှစ်ဖက် သဘောတူညီခဲ့ကြသည်။
ယင်းဆွေးနွေးပွဲ၌ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ရေချယ်ရိဗ်စ်တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကာ ထိုဆွေးနွေးပွဲအား ဦးဆောင်သူများအဖြစ် တာဝန်ယူခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ရရှိထားသည့် အရေးပါသော ဘုံသဘောတူညီမှုများကို အကောင်အထည်ဖော်ရေး၊ မဟာဗျူဟာမြောက် မိတ်ဖက်များအဖြစ် ရပ်တည်မှုကို ထိန်းသိမ်းရေး၊ ထိတွေ့ဆက်ဆံမှုနှင့် အပြန်အလှန်ဆွေးနွေးမှု ခိုင်မာအားကောင်းရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး၍ မြှင့်တင်ရေး၊ တည်ငြိမ်၍ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် တရုတ်-ဗြိတိန် ဆက်ဆံရေး တိုးတက်စေရန် တွန်းအားအသစ်များ ဖန်တီးရေးအတွက် ဗြိတိန်နှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0oC
………………………………………………………………….
(English Version)
China, UK vow to strengthen economic, financial cooperation
China and the United Kingdom have agreed to further expand economic and financial cooperation, as the two sides held the 11th China-UK Economic and Financial Dialogue here on Saturday.
The dialogue was co-chaired by Chinese Vice Premier He Lifeng and British Chancellor of the Exchequer Rachel Reeves, serving as the lead persons of the dialogue.
He said that China is willing to work with the UK to implement the important consensus reached by the leaders of the two countries, uphold the positioning of strategic partners, strengthen communication and dialogue, further expand economic and financial cooperation, and provide more impetus for the development of stable and mutually beneficial China-UK relations. xhtxs.cn/0oC
English Caption
Chinese Vice Premier He Lifeng and British Chancellor of the Exchequer Rachel Reeves, serving as the lead persons of the 11th China-UK Economic and Financial Dialogue, co-chair the dialogue in Beijing, capital of China, Jan. 11, 2025. (Xinhua/Pang Xinglei)