Media
မြန်မာနိုင်ငံ ပုဂံယဉ်ကျေးမှုဒေသရှိ အာနန္ဒာဘုရားဗုဒ္ဓပူဇနိယပွဲတော် ရောက်ဖူးကြပြီလား
ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
ပုဂံယဉ်ကျေးမှုဒေသတွင် နှစ်စဉ်ပြာသိုလပြည့်နေ့၌ ကျင်းပသည့် အာနန္ဒာဘုရားဗုဒ္ဓပူဇနိယပွဲတော်သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများနှင့် ပြည်ပခရီးသွားများ အများအပြားဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ဇန်နဝါရီ ၁၃ ရက် (ပြာသိုလပြည့်နေ့)တွင် (၉၃၄) ကြိမ်မြောက် အာနန္ဒာဘုရားဗုဒ္ဓပူဇနိယပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးပြည်သူများကို ရိုက်ကူးတင်ဆက် ထားခြင်းဖြစ်သည်။ ပုဂံဒေသရှိ အထင်ကရဘုရား၊ စေတီ ၁၈ ဆူတွင် ပွဲတော်များ နှစ်စဉ်ကျင်းပလေ့ရှိပြီး အာနန္ဒာဘုရားပွဲတော်သည် ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်ပြီး ပြာသိုလပြည့်နေ့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် အစည်ကားဆုံးဖြစ်ကာ ယမန်နှစ်ပွဲတော်ကာလ အဖိတ်၊ လပြည့်နှင့် လဆုတ်နေ့တို့တွင် ခရီးသွား ၄၀၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ အာနန္ဒာဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို အဖိတ်၊ လပြည့်နေ့နှင့် လဆုတ် ၁ ရက်တို့တွင် ကျင်းပလေ့ရှိကြောင်း သိရသည်။(Xinhua)