Connect with us

Business

စိုက်ပျိုးရေးစီမံချက်က မြန်မာနိုင်ငံရှိ တောင်သူ ၅,၀၀၀ ကျော်ကို အကျိုးကျေးဇူးရရှိစေ

မြန်မာနိုင်ငံ ရန်ကုန်မြို့ ဆင်ခြေဖုန်းရှိ စပါးစိုက်ခင်း၌ ရိတ်သိမ်းစက်ဖြင့် စပါးရိတ်သိမ်းနေသည်ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးချေးငွေစီမံချက်က ၂၀၂၄ ခုနှစ်အထိ ကျပ် ၂၄၇ ဘီလီယံကျော် ချေးငွေထုတ်ချေးထားပြီးဖြစ်ကာ တောင်သူ ၅,၈၁၆ ဦးကို အကျိုးပြုလျက်ရှိကြောင်း ဇန်နဝါရီ ၁၉ ရက် MRTV သတင်းအရ သိရသည်။
အဆိုပါ စီမံချက်သည် တောင်သူများကိုသာ အကျိုးကျေးဇူးရှိစေရုံသာမက နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုလည်း အထောက်အကူပြုစေကြောင်း သတင်း၌ ဖော်ပြထားသည်။
၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ဆောင်ရွက်ခဲ့သော ထိုစီမံချက်သည် တောင်သူများအား လိုအပ်သော စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ ဝယ်ယူရာ၌ အတိုးနှုန်းသက်သာသော ချေးငွေများ ထုတ်ချေးခြင်းဖြစ်ကြောင်း သိရသည်။
ချေးငွေများပြန်လည်ပေးဆပ်ခြင်းအစီအစဉ်တွင် နှစ်တိုသုံးနှစ်၊ နှစ်ရှည်ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးလျက်ရှိကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)
……………………….
(English Version)
Agriculture project benefits over 5,000 farmers in Myanmar
YANGON, Jan. 19 (Xinhua) — Myanmar’s Agriculture and Rural Development Loan Project has disbursed over 247 billion kyats (about 117.61 million U.S. dollars) in financial assistance as of 2024, benefiting 5,816 farmers, the state-run Myanmar Radio and Television reported on Sunday.
The report said that the project not only benefits farmers but also strengthens the country’s agricultural sector.
The project, launched in July 2017, offers low-interest loans to support farmers in purchasing essential agricultural machinery, the report said.
The repayment scheme includes three-year short-term and five-year long-term installment options, it added.
Photo: A combine harvester reaps rice in a field on the outskirts of Yangon, Myanmar, Oct. 29, 2022. (Photo by Myo Kyaw Soe/Xinhua)