Connect with us

Africa & Middle East

ဖမ်းဆီးထိန်းသိမ်းထားခံရသော ပါလက်စတိုင်း ၉၀ ဦးကို အစ္စရေး ပြန်လွှတ်ပေး

ဂျေရုဆလမ်အနီးရှိ အကျဉ်းထောင်တစ်ခု အပြင်ဘက်တွင် ဖမ်းဆီးထိန်းသိမ်းထားသော ပါလက်စတိုင်းများအား ရွှေ့ပြောင်းပို့ဆောင်ပေးရာ၌ အသုံးပြုသည့် မော်တော်ယာဉ် လမ်းဘေးတွင် ရပ်ထားသည်ကို ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
အစ္စရေး အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခံရသော ပါလက်စတိုင်း ၉၀ ဦးကို ပြန်လွှတ်ပေးပြီး ဖြစ်ကြောင်း အစ္စရေး အကျဉ်းဦးစီးဌာန (Israel Prison Service) က ဇန်နဝါရီ ၂၀ ရက်က ပြောကြားခဲ့သည်။
ဇန်နဝါရီ ၁၉ ရက် ညပိုင်းတွင် ထိန်းသိမ်းခံထားရသော အစ္စရေးနိုင်ငံသားများ အစ္စရေးနိုင်ငံသို့ မရောက်ရှိမီ အစ္စရေး အကျဉ်းဦးစီးဌာနက ဖမ်းဆီခံထားရသော ပါလက်စတိုင်း ၇၈ ဦးကို ဘတ်စ်ကားဖြင့် ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းရှိ Ofer အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း၊ အစ္စရေးလုံခြုံရေးတပ်ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကိုယ်စားလှယ်များက ယင်းနေရာတွင် ဖမ်းဆီးခံထားရသူများ၏ ကိုယ်ရေးအထောက်အထားများကို အတည်ပြုကာ ၎င်းတို့အား ကျန်းမားရေးစစ်ဆေးခဲ့သလို ဖမ်းဆီးထိန်းသိမ်းခံထားရသော ဂျေရုဆလမ် အရှေ့ပိုင်း ပါလက်စတိုင်း အခြား ၁၂ ဦးကိုလည်း နေရပ်သို့ ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း အစ္စရေး မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
လွတ်မြောက်ခွင့်ရသော ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပါလက်စတိုင်းများသည် “အကြမ်းဖက်ဝါဒကို လှုံ့ဆော်ခြင်း၊ ထောက်ခံအားပေးခြင်းနှင့် စည်းမဲ့ကမ်းမဲ့ ပြုမူခြင်း” ကဲ့သို့သော အတိုင်းအတာတစ်ခုရှိ “ပြစ်မှုငယ်များ” ကြောင့် အစ္စရေး၏ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရကြောင်း အစ္စရေး “Yedioth Ahronoth” ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်တွင် အစ္စရေးဘက်မှ ဖမ်းဆီးထိန်းသိမ်းထားသော ပါလက်စတိုင်း ၁,၉၀၀ ဦးပြန်လွှတ်ပေးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)


…………………………..
(Chinese Version)
以色列释放90名巴勒斯坦被关押人员
新华社耶路撒冷1月20日电(记者王卓伦 陈君清)以色列监狱管理局20日说,已释放90名被关押在以色列监狱的巴勒斯坦人。
据以色列媒体报道,在19日晚间获释的以色列被扣押人员回到以色列前,以监狱管理局已将78名巴勒斯坦被关押人员用大巴送往约旦河西岸的奥弗监狱,以安全部队和红十字国际委员会代表在那里核实了被关押者的身份并对他们进行体检,另有12名被关押的东耶路撒冷巴勒斯坦人也已获释回家。
以色列“新消息”网站报道说,获释的巴勒斯坦被关押者因“煽动、认同恐怖主义和行为不检”等相对较轻“罪行”而被以方判刑。在停火的第一阶段,预计以方将释放约1900名巴勒斯坦被关押者。(完)
图说1:1月19日,在位于耶路撒冷附近的一处监狱外,用来转移巴勒斯坦被关押者的车辆停靠路边。新华社发(贾马尔·阿瓦德摄)