Connect with us

North America

ရုရှားက ယူကရိန်းနှင့် ငြိမ်းချမ်းရေး မဆွေးနွေးပါက အမေရိကန်အနေဖြင့် ရုရှားကို အရေးယူပိတ်ဆို့နိုင်ဟု ထရမ့် ပြောကြား

အမေရိကန်နိုင်ငံ မီလ်ဝါကီမြို့ ရီပက်ဘလစ်ကန် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၌ အမေရိကန် သမ္မတဟောင်း ထရမ့် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရန် အကယ်၍ ရုရှားက ယူကရိန်းနှင့် စေ့စပ်ညှိနှိုင်းမှု လုပ်ဆောင်ရန် ငြင်းဆိုပါက အမေရိကန်အနေဖြင့် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ် “နိုင်ခြေ” ရှိသည်ဟု အမေရိကန် သမ္မတ ထရမ့်က ဇန်နဝါရီ ၂၁ ရက်၌ ပြောကြားခဲ့သည်။
ထရမ့်က ဇန်နဝါရီ ၂၁ ရက်တွင် အိမ်ဖြူတော်၌ အထက်ဖော်ပြပါအတိုင်း ပြောကြားခဲ့သော်လည်း လုပ်ဆောင်နိုင်ခြေရှိသည့် အရေးယူပိတ်ဆို့မှုများကိုမူ အသေးစိတ်ထုတ်ဖော်ပြောခဲ့ခြင်း မရှိပေ။ အမေရိကန် အစိုးရ အသစ်သည် ယူကရိန်းအား စစ်ရေးအရ ကူညီထောက်ပံ့မည့် ကိစ္စရပ်များကို လေ့လာလျက်ရှိပြီး ဥရောပနိုင်ငံများအနေဖြင့် ယူကရိန်းအပေါ် ထောက်ပံ့မှုများ ပိုမိုလုပ်ဆောင်သင့်သည်ဟု ထရမ့်က ထပ်မံပြောကြားခဲ့သည်။
“ကျွန်တော်တို့ (ယူကရိန်း သမ္မတ) ဇယ်လန်းစကီးနဲ့ ဆွေးနွေးနေတယ်၊ မကြာမီအတွင်းမှာ (ရုရှား သမ္မတ) ပူတင်နဲ့ ဆွေးနွေးတော့မှာဖြစ်တယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။
ရုရှား- အမေရိကန် နှစ်ဖက်လုံးသည် ပူတင်နှင့် ထရမ့်အကြား ထိတွေ့ဆက်သွယ်မှုရန် သဘောတူညီချက် မရရှိခဲ့သေးကြောင်း၊ ယင်းကိစ္စအတွက် ရုရှားသည် “အတွင်းပိုင်း ပြင်ဆင်မှုများ” လုပ်ဆောင်လျက်ရှိကြောင်း ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ပြောကြားခဲ့သည်ဟု အခြား ရုရှားမီဒီယာ၏ သတင်းဖော်ပြချက်အရ သိရသည်။
၂၀၂၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲကာလအတွင်း ထရမ့်သည် သမ္မတလောင်းအနေဖြင့် မိမိ ရွေးကောက်ခံရပြီး “၂၄ နာရီအတွင်း” ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်မည်ဟု ပြောကြားခဲ့သည်။ အမေရိကန် သမ္မတ တာဝန်ထမ်းဆောင်သော ဇန်နဝါရီ ၂၀ ရက်တွင် ထရမ့်က ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ခြင်းသည် ရုရှားအတွက် “အလွန် အကျိုးရှိသည်” ဟု ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
特朗普:俄罗斯若不与乌克兰和谈 美或制裁俄
新华社华盛顿1月22日电(记者邓仙来)美国总统特朗普21日表示,如果俄罗斯拒绝与乌克兰就结束俄乌冲突举行谈判,美国“有可能”对俄罗斯实施制裁。
特朗普21日在白宫作出上述表态,但未详述可能采取的制裁措施。特朗普还说,新一届美国政府正在研究对乌克兰军事援助的问题,欧洲国家应在支持乌克兰方面做得更多。
特朗普说:“我们正在与(乌克兰总统)泽连斯基对话,我们很快将同(俄罗斯总统)普京对话。”
另据俄罗斯媒体报道,俄副外长里亚布科夫22日表示,俄美双方尚未就普京与特朗普进行接触达成一致,俄方正在为此进行“内部准备”。
2024年美国总统选举期间,作为候选人的特朗普曾声称,自己当选后将在“24小时内”结束俄乌冲突。20日就职美国总统当天,特朗普表示,结束俄乌冲突对俄罗斯“大有好处”。(完)
图说:2024年7月18日,美国前总统特朗普在密尔沃基的共和党全国代表大会上发表演讲。新华社记者 李睿 摄