Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ တောင်ပိုင်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၅ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသောနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ရန်ကြီးအောင်အရန်မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအသင်း)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တောင်ပိုင်း မွန်ပြည်နယ်တွင် ဇန်နဝါရီ ၂၂ ရက်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးပြီး အခြားသူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကယ်ဆယ်‌ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုမှာ မွန်ပြည်နယ် ရေးမြို့နယ် မလွှဲတောင်တွင် ယာဉ်တစ်စီးတိမ်းမှောက်ပြီး တောင်အောက်ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ရန်ကြီးအောင်အရန်မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူက ပြောခဲ့သည်။
မော်တော်ယာဉ်မှာ တောင်အောက်သို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း သေဆုံးသူများနှင့် ဒဏ်ရာရသူများကို တောင်အောက်ခြေမှ ထမ်းတင်၊ ဆွဲတင်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အခင်းဖြစ်ပွားမှုသတင်းကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်က သတင်းရရှိကာ ရေးမြို့ရှိ အခြားကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ အခင်းဖြစ်နေရာသို့ ချက်ချင်းသွားရောက်ခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောခဲ့သည်။
ယာဉ်တိမ်းမှောက်စဉ်က ယာဉ်ပေါ်တွင် လူ ၁၁ ဦး လိုက်ပါသွားကြောင်း၊ အခင်းဖြစ်ရပ်ကြောင့် သေဆုံးသူများတွင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး ပါဝင်ကြောင်း၊ ဒဏ်ရာရသူများတွင်မူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး ပါဝင်ကြောင်း ရန်ကြီးအောင်အရန်မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဒဏ်ရာရသူများကို ရေးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် ၎င်းတို့အနက် ၂ ဦးမှာ စိုးရိမ်ဖွယ်ဒဏ်ရာများရရှိထားကြောင်း အဆိုပါ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

မြန်မာနိုင်ငံ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသောနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – ရန်ကြီးအောင်အရန်မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအသင်း)

……………………………………..
(English Version)
5 killed, 5 injured in traffic accident in southern Myanmar
YANGON, Jan. 23 (Xinhua) — Five people were killed and five others were injured in a traffic accident in southern Myanmar’s Mon state on Wednesday, an official from a local rescue organization told Xinhua on Thursday.
The accident occurred as a vehicle was ascending the Ma Hlwe mountain in Ye township, Mon state, said an official from Yan Gyi Aung reserve fire service and rescue organization.
The vehicle fell off the mountain, and the bodies and injured were carried up from the bottom of the mountain during the rescue operation, he said.
The official said that they received the news about the accident at around 2 p.m. on Wednesday and immediately went there with other rescue organizations in Ye town.
There were 11 people onboard the vehicle at the time of the accident. The fatalities included two males and three females, while the injured included three males and two females, according to the rescue organization.
The injured were sent to Ye Township People’s Hospital. Only two of them were seriously injured, the official added.
Photo: Rescuers work at the spot of a vehicle accident in Ye township of Mon state, Myanmar, Jan. 22, 2025. (Yan Gyi Aung reserve fire service and rescue organization/ Handout via Xinhua)