Connect with us

Europe

ဥရောပက ထပ်တူထပ်မျှနည်းလမ်းဖြင့် ထရမ့်၏ စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံသည့် ခြိမ်းခြောက်မှုကို တုံ့ပြန်သွားမည်ဟု ဥရောပ နိုင်ငံရေးအရာရှိများဆို

ဆွစ်ဇာလန် ဒါဗို့စ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂမှ အမေရိကန်သို့ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန် သမ္မတ ထရမ့်က လတ်တလောတွင် ကြိမ်ဖန်များစွာ ခြိမ်း‌ခြောက်မှုများနှင့် စပ်လျဉ်း၍ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေး တက်ရောက်နေသည့် ဥရောပ နိုင်ငံရေးအရာရှိများက အဆိုပါလုပ်ရပ်သည် ကမ္ဘာ့စီးပွားရေးအပေါ် အပျက်သဘောဆောင်သော ထိခိုက်မှုများ ဖြစ်လာစေနိုင်သဖြင့် ဥရောပဘက်က အဆင်သင့်ပြင်ဆင်ထားရမည်ဟု ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့ကြကြောင်း သိရသည်။
ဥရောပသမဂ္ဂ ကုန်သွယ်ရေး ကော်မရှင်နာ Valdis Dombrovskis က ဥရောပသည် ထပ်တူထပ်မျှဖြစ်သောနည်းလမ်းဖြင့် တုံ့ပြန်သွားမည်ဟု ဆိုသည်။ “လိုအပ်ပါက ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ စံတန်ဖိုးနဲ့ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားနဲ့ လုပ်ပိုင်ခွင့်ကို ကာကွယ်ဖို့ ပြင်ဆင်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
စည်းကြပ်ခွန်ပြဿနာ၏ “လက်တွေ့ကျကျ” ဖြေရှင်းသောနည်းလမ်းကို ရှာဖွေနိုင်ရန် ဥရောပအရာရှိများက အမေရိကန် လုပ်ငန်းတူသူများနှင့် ဆွေးနွေးလျက်ရှိကြောင်း၊ ဥရောပ-အမေရိကန် စီးပွားရေးဆက်ဆံမှု ပျက်စီးပါက တစ်ကမ္ဘာလုံးစီးပွားရေး တိုးတက်မှုအပေါ်လည်း သက်ရောက်မှုရှိနိုင်သည်ဟု ၎င်းကဆိုသည်။
ဥရောပ ဗဟိုဘဏ် ဥက္ကဋ္ဌ Christine Lagarde က ထရမ့်၏ စည်းကြပ်ခွန်မူဝါဒသည် “ပိုမိုရွေးချယ်မှုနှင့် ပစ်မှတ်ထားမှု” ရှိလာနိုင်သဖြင့် ဥရောပတိုက်သည် “ပြင်ဆင်မှုများ” မဖြစ်မနေ လုပ်ဆောင်ထားရမည်ဟုဆိုသည်။ ဥရောပမှ သွင်းကုန်များကို လျှော့ချခြင်းဖြင့် အမေရိကန် ကုန်ထုတ်လုပ်ငန်းကို “မြှင့်တင်ခြင်း” ဟူသည့် အစားထိုးမှုသဘောတရားသည် အတည်ပြုရန် လိုနေဆဲဖြစ်ပြီး နောက်ဆုံးတွင် “ကုန်ကျစရိတ်ကို စားသုံးသူမှ ကျခံရမည်” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchez က ကုန်သွယ်ရေးစစ်ပွဲသည် သူသေကိုယ်သေ အားပြိုင်မှု တစ်မျိုးပင်ဖြစ်ကြောင်း၊ “ကုန်သွယ်ရေးစစ်ပွဲဟာ အမေရိကန်ဖြစ်စေ ဥရောပသမဂ္ဂ ဖြစ်စေ ဘယ်ဘက်ရဲ့ အကျိုးစီးပွားနဲ့မှ ကိုက်ညီတယ်လို့ ကျွန်တော်မထင်ပါဘူး” ဟုဆိုသည်။ (Xinhua)

———————
(Chinese Version)
欧洲政要:欧洲将以对等方式回应特朗普加税威胁
新华社瑞士达沃斯1月22日电(记者康逸 陈斌杰)针对美国总统特朗普近期多次威胁对欧盟出口美国的商品加征关税,正在达沃斯出席世界经济论坛年会的多名欧洲政要22日表示,此举将对全球经济造成负面影响,欧洲应做好准备。
欧盟委员会贸易委员东布罗夫斯基斯表示,欧洲将以对等方式作出回应。“如有必要,我们准备捍卫我们的价值观以及我们的利益和权利。”
他说,欧洲官员正在与美国同行商谈,试图找到关税问题的“务实”解决方案。如果欧美经济关系受损,全球经济增长可能会受到影响。
欧洲央行行长拉加德表示,预计特朗普的关税政策将“更具选择性,更有针对性”,欧洲必须“做好准备”。通过减少从欧洲进口来“加强”美国制造业的替代理论值得商榷,最终“成本将转嫁给消费者”。
西班牙首相桑切斯表示,贸易战是一种零和博弈,“我认为贸易战不符合任何一方利益,无论是美国还是欧盟”。(完)