North America
တောမီးဒဏ်သင့် ကယ်လီဖိုးနီးယားဒေသသို့ အကူအညီပေးမှုကို ယာယီရပ်ဆိုင်းမည်ဟု ထရမ့်ခြိမ်းခြောက်
ဝါရှင်တန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)
ဖိအားပေးခြင်းဖြင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အစိုးရ၏ ရေအရင်းအမြစ် စီမံခန့်ခွဲမှုပုံစံ ပြုပြင်ပြောင်းလဲစေရန်အတွက် တောမီးဒဏ်သင့် ကယ်လီဖိုးနီးယားပြည်နယ်သို့ ပြည်ထောင်စုအကူအညီပေးမှုကို ယာယီရပ်ဆိုင်းမည်ဟု အမေရိကန် သမ္မတ ထရမ့်က ဇန်နဝါရီ ၂၂ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ် အစိုးရသည် အဆိုပါပြည်နယ် မြောက်ပိုင်းဒေသမှ ငါးအမျိုးအစားများကို ကာကွယ်ထိန်းသိမ်းရန်အတွက် တောင်ပိုင်းဒေသသို့ ရေပေးပို့မှုကိုကန့်သတ်ခြင်းကြောင့် လော့စ်အိန်ဂျလိစ်မြို့တွင်း မီးသတ်ရေဘုံပိုင်တွင် ရေပြတ်လပ်သွားကြောင်း၊ “ကယ်လီဖိုးနီးယားပြည်နယ်က ရေမပေးရင် အဲဒီပြည်နယ်ကို ဘာပစ္စည်းမှ ထောက်ပံ့ပေးဖို့မလိုဘူးလို့ ထင်တယ်” ဟု ထရမ့်က ဇန်နဝါရီ ၂၂ ရက် ဖောက်စ်သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။
ဒီမိုကရက်တစ်ပါတီဝင် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom အား တောမီးမထိန်းချုပ်နိုင်မှုအတွက် တာဝန်ယူရမည်ဟု ထိုမတိုင်မီ ရီပက်ဘလစ်ကန်ပါတီဝင် ထရမ့်က ကြိမ်ဖန်များစွာ ပြစ်တင်ခဲ့သည်။ ယင်းအပေါ် Gavin Newsom က ထရမ့်၏ သက်ဆိုင်ရာ ပြောဆိုချက်များသည် “စိတ်ကူးယဉ်သက်သက်သာ” ဖြစ်ပြီး ရည်ရွယ်ချက်မှာ အဆိုပါပြဿနာကို “နိုင်ငံရေးအသွင်ပြောင်းရန်” ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ထရမ့်သည် ဇန်နဝါရီ ၂၄ ရက်တွင် လော့စ်အိန်ဂျလိစ်သို့သွားရောက်ကာ မီးလောင်မှုအခြေအနေကို လေ့လာကြည့်ရှုမည်ဟု အမေရိကန် မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။
လော့စ်အိန်ဂျလိစ်ဒေသတွင် ဇန်နဝါရီ ၇ ရက်မှစ၍ တောမီးများစွာ လောင်ကျွမ်းလျက်ရှိရာ လူ ၂၈ ဦးထက်မနည်း သေဆုံးပြီး အဆောက်အအုံ အရေအတွက်ပေါင်း တစ်သောင်းကျော် ပျက်စီးခဲ့သည်။ ဇန်နဝါရီ ၂၂ ရက်တွင် လော့စ်အိန်ဂျလိစ်ဒေသ မြောက်ပိုင်း၌ တောမီးလောင်ကျွမ်းမှု အသစ်ထပ်မံဖြစ်ပွားခဲ့ရာ ဒေသနေပြည်သူ ၅၀,၀၀၀ ကျော်က ဘေးလွတ်ရာသို့ မဖြစ်မနေ ထွက်ခွာရန် သတိပေးချက် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……………………
(Chinese Version)
特朗普威胁暂停向受山火影响的加州地区提供援助
新华社华盛顿1月23日电 美国总统特朗普22日威胁暂停向受山火影响的加利福尼亚州提供联邦援助,以施压州政府改变水资源管理方式。
特朗普当天在接受福克斯新闻台采访时称,加州政府为保护该州北部地区的鱼类而限制向南部地区输水,导致洛杉矶市区消防栓缺水,“我认为不该给加州提供任何东西,除非他们让水流过来”。
共和党人特朗普此前多次指责民主党的加州州长纽森应为山火失控负责。纽森回应称,特朗普相关言论“纯属虚构”,目的是把这一问题“政治化”。
据美国媒体报道,特朗普将于24日前往洛杉矶视察灾情。
自1月7日以来,多场山火在洛杉矶地区肆虐,已造成至少28人死亡,逾万座建筑被毁或受损。22日,在洛杉矶北部爆发新的山火,当地已有超过5万居民接到了强制撤离通知或警告。(完)
图说:1月22日,在美国加利福尼亚州洛杉矶县卡斯泰克市的一座山丘上,消防员与名为“休斯”的山火奋力搏斗。新华社发(邱晨摄)