Connect with us

China

တရုတ်နိုင်ငံ နွေဦးပွဲတော် ခရီးသွားလာမှု ရထားဖြင့် သယ်ယူပို့ဆောင်သော ခရီးသည် သွားလာမှုအကြိမ်ရေ သန်း ၂၀၀ ကျော်ရှိလာ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဟုန်ချောင် ဘူတာရုံတွင် ကွေ့ယန်မြို့သို့ ထွက်ခွာမည့် မီးရထားပေါ်၌ မိခင်နှင့် ကလေးနှစ်ယောက် အတူလိုက်ပါလာကြသည်ကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
ဇန်နဝါရီ ၁၄ ရက် နွေဦးပွဲတော် ခရီးသွားလာမှုစတင်ချိန်မှ ဇန်နဝါရီ ၃၀ ရက်အထိ နိုင်ငံတစ်ဝှန်း မီးရထားဖြင့် သယ်ယူပို့ဆောင်လာသည့် ခရီးသည် သွားလာမှု စုစုပေါင်း အကြိမ်ရေ သန်း ၂၀၀ ကျော်ရှိ၍ ၂၀၆ သန်းအထိရှိလာကာ သယ်ယူပို့ဆောင်ရေးမှာ လုံခြုံ၊ ချောမွေ့၊ စနစ်တကျ လည်ပတ်နေကြောင်း သတင်းထောက်က China State Railway Group Company, Ltd. မှ သိရှိခဲ့ရသည်။
ဇန်နဝါရီ ၂၈ ရက်မှ ဇန်နဝါရီ ၃၀ ရက်အထိ နွေဦးပွဲတော် ရုံးပိတ်ရက်၏ ရှေ့ ၃ ရက်တွင် နိုင်ငံတစ်ဝှန်း မီးရထားဖြင့် သယ်ယူပို့ဆောင်သည့် ခရီးသည် သွားလာမှု စုစုပေါင်း အကြိမ်ရေ ၂၂.၉၄၈ သန်းရှိရာ ဇန်နဝါရီ ၃၁ ရက်တွင် နိုင်ငံတစ်ဝန်း မီးရထားဖြင့် သယ်ယူပို့ဆောင်သည့် ခရီးသည် သွားလာမှု စုစုပေါင်း အကြိမ်ရေ ၁၁.၈ သန်းအထိ ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ဒေသအသီးသီး၏ မီးရထားဌာနများက အသွားအလာများသည့် လမ်းကြောင်းများ၌ သယ်ယူပို့ဆောင်ရေးအင်အား တိုးမြှင့်ထားကာ ရထားနှင့် ဘူတာရုံ ဝန်ဆောင်မှုများကို တိုးချဲ့ ထားပြီး ပြည်သူများအား လွယ်ကူချောမွေ့စေသော၊ အကျိုးရှိစေသော အစီအမံများကို လက်တွေ့ကျ ဖော်ဆောင်ကာ ခရီးသွားဧည့်သည်များအတွက် ပိုမိုကောင်းမွန်သော ခရီးသွားအတွေ့အကြုံများပေးရန် ကြိုးပမ်းခဲ့သည်။ China Railway Harbin Group Co.,Ltd. က အာရှဆောင်းရာသီ အားကစားပြိုင်ပွဲအား တက်ကြွစွာ ဝန်ဆောင်မှုပေးရန် ဟားအယ်ပင်း၊ ဟားအယ်ပင်းအနောက်ဘက်၊ ရာပူလီရှီး စသည့် ဘူတာရုံများတွင် လက်မှတ်အရောင်းကောင်တာ သီးသန့် ထပ်တိုးထားရှိခြင်း၊ သီးသန့်စောင့်ဆိုင်းသည့်ဧရိယာများ ထားရှိခြင်း၊ ဘူတာရုံ အဝင်၊အထွက်အတွက် သီးသန့် သွားလာရေးလိုင်းတစ်ခု သတ်မှတ်ထားခြင်း၊ အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ ခရီးသွားဝန်ဆောင်မှု သီးသန့်လိုင်း 12306 ကို ထပ်တိုးခြင်းများ လုပ်ဆောင်ခဲ့သည်။
China Railway Beijing Group Co., Ltd. က ပေကျင်းအနောက်ဘက်ဘူတာရုံတွင် မီးအားသွင်းစင်များ ထပ်တိုးထားရှိခြင်း၊ အပေါက် ငါးပေါက်ပါ ပလပ်ခုံ၊ USB ပလပ်ပေါက် စသည်တို့ တပ်ဆင်ထားခြင်းဖြင့် ခရီးသွားဧည့်သည်များ၏ အီလက်ထရောနစ်ပစ္စည်းများ လျင်မြန်စွာ မီးအားသွင်းနိုင်ရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့သည်။
China Railway Chengdu Group Co.,Ltd. က ချိန်တူးအရှေ့ဘက်၊ ချုံချင့်မြောက်ဘက်၊ ကွေ့ယန်မြောက်ဘက်၊ မြန်ယန်စသည့် ဒေသအဆင့်အထက် မြို့ကြီး ၅၃ ခု၏ အဓိက ခရီးသည်တင် ဘူတာရုံများတွင် ဝင်ပေါက်နှင့် လုံခြုံရေးစစ်ဆေးရေးဂိတ်များတွင် အစိမ်းရောင် (အရေးပေါ်/အကူအညီ) လမ်းကြောင်းများကို ထားရှိပြီး ရထားမထွက်ခွာမီ ၁၅ မိနစ်အလိုတွင် အရေးပေါ် ခရီးသည်များနှင့် သက်ကြီးရွယ်အို၊ ကလေးငယ်၊ ရောဂါသည်၊ မသန်စွမ်းသူ၊ ကိုယ်ဝန်ဆောင်မိခင်စသည့် အဓိက ခရီးသည်များကို ဦးစားပေး စီစစ်ပေးခဲ့သည်။
China Railway Urumqi Group Co., Ltd. က ခရီးသည်တင်ရထားပေါ်တွင် “ထျန်းစန်းရွှယ်လျန်” ခေါ် ခရီးသည်များအား အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုပုံးများကို ပိုမိုထားရှိပြီး တစ်ခါသုံး နားပိတ်များနှင့် အလင်းကွယ်မျက်လုံးဖုံးများစသည့် အိပ်စက်ရာ၌ အထောက်အကူပြုသော ပစ္စည်းများကို ပံ့ပိုးပေးခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဟန်ကျိုးအရှေ့ဘက် ဘူတာရုံ၏ ရထားစောင့်ဆိုင်းသည့်ဧရိယာကို ဇန်နဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(Chinese Version)
中国铁路春运发送旅客突破2亿人次
新华社北京1月31日电(记者樊曦、谢希瑶)记者31日从中国国家铁路集团有限公司获悉,自1月14日春运启动以来至1月30日,全国铁路累计发送旅客突破2亿人次,达2.06亿人次,运输安全平稳有序。
1月28日至1月30日,春节假期前三天,全国铁路发送旅客2294.8万人次。1月31日,全国铁路预计发送旅客1180万人次。
各地铁路部门及时在热门方向增加运力投放,加大站车服务力度,落实便民利民举措,努力为旅客提供更加美好的出行体验。国铁哈尔滨局集团公司积极服务亚冬会赛事,在哈尔滨、哈尔滨西、亚布力西等车站增加售票专用窗口,提供专用候车区域,设置进出站专用流线,增设12306亚冬会出行服务专线;国铁北京局集团公司北京西站增设充电台,配备五孔插座、USB接口等,满足旅客电子设备快速充电需求;国铁成都局集团公司在成都东、重庆北、贵阳北、绵阳等53个地级市以上城市主要客运车站的进站口、安检口设置绿色(急客/爱心)通道,为临近开车前15分钟急客和老幼病残孕重点旅客优先验证;国铁乌鲁木齐局集团公司丰富旅客列车上“天山雪莲”便民服务箱,提供一次性耳塞和防光眼罩等助眠物品。(完)
图说1:1月14日,在铁路上海虹桥站,两名小朋友和母亲一起乘坐列车前往贵阳。新华社发(陈浩明摄)
图说2:1月24日拍摄的杭州东站候车室。新华社记者 江汉 摄