North America
အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် အသေးစားလေယာဉ် ပျက်ကျမှုကြောင့် လူ ၇ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ
နယူးယောက်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ဆေးဘက်ဆိုင်ရာ အသေးစားလေယာဉ်ပျက်ကျမှုကြောင့် လူ ၇ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရခဲ့ကြောင်း အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ဖီလာဒဲလ်ဖီးယားမြို့တော်ဝန် Cherelle Parker က ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။လေယာဉ်ပေါ်ရှိ လူ ၆ ဦးနှင့် မြေပြင်ရှိ မော်တော်ကားထဲမှ လူ ၁ ဦး အပါအဝင် သေဆုံးသူ ၇ ဦးရှိကြောင်း၊ ထို့အပြင် အဆိုပါဖြစ်စဉ်ကြောင့် မြေပြင်ရှိ လူ ၁၉ ဦး ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အား ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း ထိုနေ့ သတင်းစာ ရှင်းလင်းပွဲတွင် Parker က ပြောကြားခဲ့သည်။ ထိခိုက်သေဆုံးသူ အရေအတွက်မှာ တိုးများလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့ လေယာဉ်ပျက်ကျမှုတွင် မက္ကဆီကိုနိုင်ငံသား ၆ ဦး သေဆုံးခဲ့ရကြောင်း မက္ကဆီကို သမ္မတ Sheinbaum Pardo က ဖေဖော်ဝါရီ ၁ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
လူ ၆ ဦး တင်ဆောင်လာသော အသေးစားလေယာဉ်တစ်စင်းသည် ဇန်နဝါရီ ၃၁ ရက်က ဖီလာဒဲလ်ဖီးယားမြို့ လေဆိပ်မှ ပျံသန်းပြီး မကြာမီ ပျက်ကျခဲ့ရာ အဆိုပါပျက်ကျမှုကြောင့် မြေပြင်ရှိ နေအိမ်အချို့နှင့် မော်တော်ကားများ ပျက်စီးခဲ့သည်။ အဆိုပါလေယာဉ်သည် လေယာဉ်ကယ်ဆယ်ရေးနှင့် လေကြောင်းလူနာတင်ယာဉ် ကုမ္ပဏီ၏ ဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်ကြောင်း၊ လေယာဉ်ပေါ်တွင် ကလေးလူနာတစ်ဦးနှင့် ၎င်း၏ မိခင်အပြင် ဆရာဝန်တစ်ဦး၊ သူနာပြုတစ်ဦးနှင့် လေယာဉ်အမှူထမ်း ၂ ဦး ပါရှိကြောင်း၊ ကလေးလူနာသည် ပြင်းထန်သော နာမကျန်းမှုကြောင့် ဖီလာဒဲလ်ဖီးယားမြို့တွင် ဆေးကုသမှုခံယူနေရာ ယခုအကြိမ်လေယာဉ်စီးခြင်းသည် အမေရိကန်နိုင်ငံ မစ်ဇိုရီပြည်နယ်၌ ခဏနားပြီးနောက် မက္ကဆီကိုနိုင်ငံ Tijuana မြို့သို့ ပျံသန်းကာ မက္ကဆီကို အိမ်သို့ပြန်ရန် မူလက စီစဉ်ထားကြောင်း အမေရိကန် မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေး ကော်မတီနှင့် အတူ အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အမေရိကန် ဖက်ဒရယ် လေကြောင်းစီမံခန့်ခွဲမှုဌာန (FAA) က ပြောကြားခဲ့သည်။ (Xinhua)
#MexicanCitizens #Philadelphia #PlaneCrash #မက္ကဆီကိုနိုင်ငံသား #ဖီလာဒဲလ်ဖီးယားမြို့ #အသေးစားလေယာဉ်ပျက်ကျမှု #အမေရိကန်
………………………………………..
(Chinese Version)
美国费城小型飞机坠毁事件已致7死19伤
新华社纽约2月1日电(记者施春)美国宾夕法尼亚州费城市长帕克1日说,日前发生在费城的小型医疗飞机坠毁事件已造成7人死亡、19人受伤。
帕克当天在新闻发布会上说,7名死者包括飞机上的6人以及地面一辆汽车中的1人。此外,这起事件还造成地面19人受伤,伤者已送往医院接受治疗。帕克表示,预计伤亡人数可能会增加。
墨西哥总统辛鲍姆1日在社交媒体上说,6名墨西哥公民在美国费城飞机坠毁事件中遇难。
一架载有6人的小型飞机1月31日从费城的机场起飞不久后坠毁,飞机坠毁造成地面几栋房屋和车辆被毁。据美国媒体报道,这架飞机为一家飞机救援及空中救护公司的医疗运输机。机上6人除一名患儿及其母亲外,还有一名医生、一名护理人员和两名飞行员。患儿因重病在费城接受治疗,此次乘机原本计划在美国密苏里州停留,然后飞往墨西哥蒂华纳,返回墨西哥家中。
美国联邦航空局表示,正与美国国家运输安全委员会一起对这起事件展开调查。(完)