International Organizations
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— လီဗာပူးလ်က ဘုန်းမောက်ကို အနိုင်ယူကာ ပရီးမီးယားလိဂ်တွင် ကိုးမှတ်ဖြတ်၍ ဦးဆောင်
ဖေဖော်ဝါရီ ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးလ်အသင်းက ပုံစံကောင်းပြနေသည့် ဘုန်းမောက်အား အဝေးကွင်း၌ ၂-၀ ဂိုးဖြင့် ခက်ခက်ခဲခဲ အနိုင်ယူကာ အမှတ်ပေးဇယား၌ ဆက်လက်ဦးဆောင်နေပြီး ဒုတိယနေရာမှ အာဆင်နယ်ကို ဖိအားအောက်သို့ ကျရောက်စေခဲ့သည်။
မိုဟာမက် ဆာလာက ပထမပိုင်းပွဲချိန် မိနစ် ၃၀ တွင် ပင်နယ်တီမှတစ်ဆင့် အဖွင့်ဂိုးသွင်းယူခဲ့သလို ဒုတိယပိုင်း ပွဲပြီးဆုံးရန် ၁၅ မိနစ်အလိုတွင်လည်း ညာခြမ်းမှ အတွင်းသို့ချိုးဝင်ကာ ဘယ်ခြေဖြင့် ဝေ့ဝိုက်ကန်သွင်း၍ ဒုတိယဂိုး သွင်းယူခဲ့သည်။
ဘုန်းမောက်အသင်းမှာ ပြီးခဲ့သည့် လိဂ်ပြိုင်ပွဲ ၁၁ ပွဲတွင် ရှုံးပွဲမရှိသည့် အသင်းဖြစ်သည်။ လီဗာပူးလ်အသင်းမှာ ယခုအနိုင်ရလဒ်ကြောင့် ဖေဖော်ဝါရီ ၂ ရက်တွင် မန်ချက်စတာစီးတီးနှင့် ပွဲကြီးပွဲကောင်း ယှဉ်ပြိုင်ကစားရမည့် အာဆင်နယ်အား ကိုးမှတ်ဖြတ်ထားနိုင်ခဲ့သည်။
…..
— လာလီဂါတွင် အက်စပန်ညိုက ရီးရဲလ်မက်ဒရစ်ကို အံ့အားသင့်ဖွယ် အနိုင်ရရှိ
ဖေဖော်ဝါရီ ၁ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် အက်စပန်ညိုက ရီးရဲလ်မက်ဒရစ်အား ၁-၀ ဂိုးဖြင့် အံ့အားသင့်ဖွယ် အနိုင်ယူခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို အက်စပန်ညို ဘယ်နောက်ခံလူ ကားလို့စ် ရိုမဲရိုးက ပွဲပြီးဆုံးရန် ၆ မိနစ်အလိုတွင် သွင်းယူခဲ့သည်။
ပွဲမစမီတွင် တန်းဆင်းဇုန်၏ အဆင့်-၁၈ နေရာ၌ ရှိနေသည့် အက်စပန်ညိုက ဒုတိယပိုင်းတွင် ရီးရဲလ်မက်ဒရစ်၏ တရစပ်ဖိအားပေးမှုကို တောင့်ခံနိုင်ခဲ့သလို ဂိုးသမား ယိုအန် ဂါစီယာကလည်း အရေးပါသော ဂိုးပေါက်ကာကွယ်မှု အများအပြား ပြုလုပ်နိုင်ခဲ့သဖြင့် ရီးရဲလ်အသင်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
သို့သော် လာလီဂါ၏ အကောင်းဆုံးနောက်ခံလူ တစ်ဦးဖြစ်သည့် အန်တိုနီယို ရူဒီဂါအား ပွဲချိန် ၁၃ မိနစ်အကြာတွင် ကြွက်သားဒဏ်ရာကြောင့် လူစားလဲခဲ့ရသည့် ဆုံးရှုံးမှုက ရီးရဲလ်မက်ဒရစ်အတွက် အဆိုးရွားဆုံးသတင်း ဖြစ်ဖွယ်ရှိသည်။
…..
— ဆန်းတို့စ်အသင်းထံ နေမာ ပြန်ရောက်လာခြင်းက ဘောလုံးထက် ပိုမိုခမ်းနားကြီးကျယ်ဟု ဒီပိုင်း ချီးကျူး
နေမာအနေဖြင့် ဆန်းတို့စ်အသင်းဆီသို့ ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ဘရာဇီး ဘောလုံးလောကအတွက် ဆုလာဘ်တစ်ခုပင်ဖြစ်ကြောင်း ကိုရင်သီယန်စ်အသင်း တိုက်စစ်မှူး မမ်းဖစ်စ် ဒီပိုင်းက ချီးကျူးပြောဆိုခဲ့သည်။
နေမာသည် ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်-ဟီလာနှင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းကာ ဒဏ်ရာပြဿနာနှင့်သာ လုံးပန်းနေရခြင်းကို အဆုံးသတ်ခဲ့ပြီးနောက် ၎င်း၏ကစားသမားဘဝ အစပြုခဲ့ရာ ဆန်းတို့စ်အသင်းနှင့် ၆ လ သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ဇန်နဝါရီ ၃၁ ရက်က ချုပ်ဆိုခဲ့သည်။
“ကိုယ့်လူရေ..ခင်ဗျားဘဝ စတင်ဖြစ်တည်ခဲ့တဲ့ နေရာကို ပြန်လာခဲ့တာက ဘောလုံးထက် ပိုပြီးကြီးကျယ်ခမ်းနားပါတယ်” ဟု ဒီပိုင်းက ဖေဖော်ဝါရီ ၁ ရက်၌ ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ခဲ့သည်။
…..
— တရုတ်အသင်းက မွန်တီနီဂရိုးအသင်းအား အပြတ်အသတ် အနိုင်ယူ၍ Davis Cup တင်းနစ်ပြိုင်ပွဲ ကမ္ဘာ့အဆင့် အုပ်စု-၂ သို့ တက်ရောက်
ဖေဖော်ဝါရီ ၁ ရက်က တရုတ်နိုင်ငံ ကျူးဟိုင်မြို့ရှိ Hengqin International Tennis Center ၌ ကျင်းပခဲ့သည့် Davis Cup တင်းနစ်ပြိုင်ပွဲ ကမ္ဘာ့အဆင့် အုပ်စု-၂ လက်ရည်စစ်ပွဲတွင် တရုတ်အသင်းက မွန်တီနီဂရိုးအသင်းအား ၄ ပွဲပြတ် အနိုင်ယူကာ Davis Cup ကမ္ဘာ့အဆင့် အုပ်စု-၂ အဓိကပြိုင်ပွဲဆီသို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
အိမ်ရှင်ကစားသမားများဖြစ်သည့် Cui Jie နှင့် Zhang Zhizhen တို့က Petar Jovanovic နှင့် Aleksa Krivokapic တို့အား ဇန်နဝါရီ ၃၁ ရက်၌ အသီးသီးအနိုင်ယူခဲ့သဖြင့် စောစောစီးစီးပင် ၂-၀ ဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
ထို့အတူ Sun Fajing နှင့် Te Rigele တို့ကလည်း Petar Jovanovic နှင့် Aleksa Krivokapic တို့ကို ၆-၄၊ ၇-၆ (၁) ဖြင့် အနိုင်ရရှိခဲ့သလို ရလဒ်ပိုင်း အရေးမပါတော့သည့် စတုတ္ထပွဲစဉ်တွင်လည်း Sun က Jovanovic အား ၆-၃၊ ၇-၅ ဖြင့် ထပ်မံအနိုင်ရရှိခဲ့သည်။ (Xinhua)
……………………………………
(English Version)
Liverpool extends lead in Premier League
Liverpool put the pressure back in Arsenal at the top of the Premier League on Saturday when the league leader came through a difficult game away to an in-form Bournemouth with a 2-0 win.
Mohamed Salah was Liverpool’s hero, scoring a first-half penalty and then cutting inside from the right to curl in a left-foot shot to assure the points with 15 minutes to go.
Bournemouth hadn’t lost in its 11 previous league games and the win puts Liverpool nine points clear of Arsenal, who faces Manchester City in a huge game on Sunday.
…..
Espanyol stuns Real Madrid in La Liga
Espanyol left back Carlos Romero scored the only goal of the game six minutes from time as his side stunned Real Madrid 1-0 in La Liga on Saturday night.
Espanyol had withstood a lot of second half pressure from Real Madrid, with goalkeeper, Joan Garcia making a series of important saves to keep his side in the game, before the side who had kicked off third from bottom of the table, caught Madrid flat-footed.
Perhaps the worst news for Real Madrid was a muscle injury that forced Antonio Rudiger out of the game after 13 minutes, robbing his side of the best defender this campaign.
…..
Depay hails Neymar’s Santos return: ‘Bigger than football’
Corinthians forward Memphis Depay has praised Neymar’s decision to return to Santos, describing it as a boon for Brazilian football.
Neymar signed a six-month contract with the club where he began his career on Friday after ending an injury-hit spell at Saudi Pro League side Al-Hilal by mutual consent.
“Brother, the move you made to come back to the place you came from is bigger than football,” Depay said in a social media post on Saturday.
…..
China sweep Montenegro to reach Davis Cup World Group II
China beat Montenegro with a 4-0 clean sweep in the Davis Cup World Group II playoff series at the Hengqin International Tennis Center on Saturday to advance to the Davis Cup World Group II Main Draw.
The hosts took an early 2-0 lead on Friday as Cui Jie defeated Petar Jovanovic and Zhang Zhizhen overcame Aleksa Krivokapic.
China sealed the victory as Sun Fajing and Te Rigele upset Petar Jovanovic and Aleksa Krivokapic 6-4, 7-6 (1), before an inconsequential fourth match saw Sun see off Jovanovic 6-3, 7-5.