Connect with us

China

အမေရိကန်သို့ တင်သွင်းသော တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံမှုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူပြောကြား

ပေကျင်း၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)
အမေရိကန်သို့ တင်သွင်းသော တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံလိုက်ကြောင်း အမေရိကန်ဘက်က ကြေညာခဲ့ခြင်းနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၂ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။

အမေရိကန် အရှေပိုင်း စံတော်ချိန် ဖေဖော်ဝါရီ ၁ ရက်တွင် အမေရိကန်သို့ တင်သွင်းသော တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံလိုက်သည်ဟု အမေရိကန်ဘက်က ကြေညာခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အမေရိကန်အနေဖြင့် ဖန်တာနိုင်းလ်ပြဿနာကို အကြောင်းပြပြီး အမေရိကန်သို့ တင်သွင်းသော တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုးကောက်ခံလိုက်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် မကျေနပ်သလို ပြတ်သားစွာ ဆန့်ကျင်ကြောင်း၊ လိုအပ်သည့် တန်ပြန်အရေးယူမှုများကို လုပ်ဆောင်ပြီး မိမိ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ရပ်တည်ချက်က တစ်သမတ်တည်း ခိုင်မာမှု ရှိသည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ကုန်သွယ်ရေးစစ်ပွဲ၊ စည်းကြပ်ခွန်စစ်ပွဲတွင် အနိုင်ရသူဟူ၍ မရှိကြောင်း၊ အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံခြင်းလုပ်ရပ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းစည်းကမ်းများကို ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်ပြီး မိမိ၏ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်သည့်အပြင် နှစ်ဖက်အတွက် ပို၍ အကျိုးမရှိသလို ကမ္ဘာအတွက်အကျိုးမဖြစ်ထွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံသည် မူးယစ်ဆေးဝါးတားဆီးတိုက်ဖြတ်ရေးမူဝါဒ အတင်းကျပ်ဆုံးနှင့် အဆုံးတိုင် အကောင်အထည်ဖော်သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ဖန်တာနိုင်းလ်သည် အမေရိကန်၏ ပြဿနာဖြစ်ကြောင်း၊ လူသားချင်းစာနာမှုစိတ်ဓာတ်ကို အခြေခံ၍ တရုတ်နိုင်ငံသည် ဖန်တာနိုင်းလ်ပြဿနာ အမေရိကန် ကိုင်တွယ်ဖြေရှင်းမှုအပေါ် အားပေးပံ့ပိုးခဲ့ကြောင်း၊ အမေရိကန်၏တောင်းဆိုချက်အရ တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ဖန်တာနိုင်းလ်အမျိုးအစား ဒြပ်ပစ္စည်း အမျိုးအစားတစ်ခုလုံးကို ထိန်းချုပ်ပစ္စည်း၌ ထည့်သွင်းသည်ဟု ကြေညာခဲ့ရာ ဖန်တာနိုင်းလ်အမျိုးအစား ဒြပ်ပစ္စည်း အမျိုးအစားတစ်ခုလုံးကို ထိန်းချုပ်ပစ္စည်းအဖြစ် ထည့်သွင်းခဲ့သည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အမေရိကန်နှင့်အတူ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပြီး သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ယင်းမှာ မျက်မြင်ထင်ရှားဖြစ်ကြောင်း၊ ဖန်တာနိုင်းလ်ပြဿနာအပေါ် အမေရိကန်အနေဖြင့် အခြားနိုင်ငံကိုထစ်ခနဲ့ဆိုလျှင် စည်းကြပ်ခွန်ဖြင့် ခြိမ်းခြောက်ရမည်မဟုတ်ဘဲ ဓမ္မဓိဋ္ဌာန်ကျကျ၊ ဆင်ခြင်မှုရှိစွာ ရှုမြင်စီမံသင့်ကြောင်း၊ စည်းကြပ်ခွန် ထပ်တိုးသည့်လုပ်ရပ်သည် အပြုသဘောဆောင်မှု မရှိကြောင်း၊ ယင်းမှာ နှစ်နိုင်ငံ၏ အနာဂတ် မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် သက်ရောက်မှုနှင့် ထိခိုက်မှု ရှိစေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် မှားယွင်းသည့် လုပ်ဆောင်ချက်များကို ပြင်ဆင်ရန်၊ တရုတ်-အမေရိကန် မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုမှ ခဲယဉ်းစွာရရှိလာသည့် ကောင်းမွန်သော အခင်းအကျင်းကို ကာကွယ်ထိန်းသိမ်းရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်၊ ကောင်းမွန်၍ စဉ်ဆက်မပြတ် တိုးတက်ရေးကို တွန်းအားပေးရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)

…………………………………………….

(Chinese Version)

外交部发言人就美方宣布对中国输美产品加征10%关税答记者问
新华社北京2月2日电 外交部发言人2日就美方宣布对中国输美产品加征10%关税答记者问。
有记者问:美国东部时间2月1日,美方宣布对中国输美产品加征10%关税。中方对此有何评论?
发言人说,美方以芬太尼问题为由,对中国输美产品加征10%关税,中方对此强烈不满,坚决反对,将采取必要反制措施,坚定维护自身正当权益。
发言人表示,中方的立场是一贯的、坚定的。贸易战、关税战没有赢家。美方单边加征关税的做法严重违反世贸组织规则,不仅解决不了自身问题,更不利于双方,无益于世界。
发言人说,中国是世界上禁毒政策最严格、执行最彻底的国家之一。芬太尼是美国的问题。本着人道主义精神,中国为美国应对芬太尼问题提供了支持。应美方请求,中方于2019年宣布正式整类列管芬太尼类物质,是全球第一个正式整类列管芬太尼类物质的国家。中方同美方开展了广泛的禁毒合作并取得显著成效,这是有目共睹的。美方应客观、理性看待和处理自身芬太尼问题,而不是动辄以关税手段威胁他国。加征关税的做法不具建设性,势必影响并损害双方今后就禁毒问题开展合作。
发言人说,中方敦促美方纠正错误做法,维护中美禁毒合作来之不易的良好局面,推动中美关系稳定、健康、可持续发展。(完)