Connect with us

Media

အနောက်ဘက်ကမ်းဒေသ မြောက်ပိုင်းတွင် စစ်ဆင်ရေး တိုးချဲ့လျက်ရှိဟု အစ္စရေး ပြောကြား

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ မြောက်ပိုင်းတွင် အကြီးစား စစ်ဆင်ရေးလုပ်ဆောင်မှုကို တိုးချဲ့လိုက်ကြောင်း အစ္စရေးစစ်တပ်က ဖေဖော်ဝါရီ ၂ ရက်၌ ပြောကြားခဲ့သည်။
ဇန်နဝါရီ ၂၁ ရက်၌ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် အစ္စရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် သေဆုံးသူ ၂၅ ဦးထက်မနည်း ရှိခဲ့သည်ဟု ပါလက်စတိုင်းဘက်မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။
အစ္စရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယင်းဒေသရှိ အခြား ကျေးရွာနှင့် မြို့လေးမြို့တွင် စီးနင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း၊ အနောက်ဘက်ကမ်းဒေသ မြောက်ပိုင်းရှိ ဂျီနင်မြို့တွင် စီးနင်းမှုတစ်ခု လုပ်ဆောင်ဆဲဖြစ်ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0SK
……………………………………………………………………..
(English Version)
Israel says it expands military operation in N. West Bank
The Israeli military said Sunday it has expanded its major campaign in the northern occupied West Bank. According to Palestinian figures, at least 25 people have been killed by Israeli forces since the operation began on Jan. 21.
According to the spokesperson, Israeli troops were preparing to raid four more towns and villages in the area, and a raid in Jenin, further north in the West Bank, was ongoing. xhtxs.cn/0SK

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.