Connect with us

Africa & Middle East

တရုတ်- ပါကစ္စတန် စီးပွားရေး စင်္ကြံသည် ဒေသတွင်း အပြန်အလှန် ချိတ်ဆက်ရေး အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် ပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်အိမ်တော်၌ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif နှင့်အတူ ဂွါဒါနိုင်ငံတကာလေဆိပ်စီမံကိန်း ပြီးစီးခြင်း အခမ်းအနားသို့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တက်ရောက်ခဲ့စဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
တရုတ်- ပါကစ္စတန် စီးပွားရေး စင်္ကြံသည် ပါကစ္စတန်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း အပြန်အလှန်ချိတ်ဆက်ရေး၏ အရေးပါသော အခြေခံအုတ်မြစ်ဖြစ်ကြောင်းပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif က ဖေဖော်ဝါရီ ၃ ရက်၌ ပြောကြားခဲ့သည်။
တရုတ်- ပါကစ္စတန် စီးပွားရေး စင်္ကြံ တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် တွန်းအားပေးလျက်ရှိပြီး ပါကစ္စတန်အနာဂတ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ပုံသွင်းလျက်ရှိသည်ဟု နိုင်ငံအနောက်တောင်ပိုင်း ဘိုလိုချီစတန်ပြည်နယ် မြို့တော် Quetta ၌ ဖေဖော်ဝါရီ ၃ ရက် ကြည့်ရှုစစ်ဆေးစဉ် Shehbaz က ပြောကြားခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် ရုံးခန်းက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံက ကူညီတည်ဆောက်သော ဂွါဒါ နိုင်ငံတကာလေဆိပ်သည် တရားဝင်စတင် လည်ပတ်နေပြီဖြစ်ရာ ယင်းက ဘိုလိုချီစတန်ပြည်နယ်၏ ဒေသတွင်း အပြန်အလှန် ချိတ်ဆက်မှုတွင် အရေးကြီး အဆင့်တစ်ခုကို လျှောက်လှမ်းခဲ့သည့် အမှတ်လက္ခဏာဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ဂွါဒါဆိပ်ကမ်းမှာ ကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှုအလားအလာရှိပြီး ပါကစ္စတန်နှင့် အလယ်အာရှ၊ အရှေ့တောင် အာရှစသည့်ဒေသများနှင့် ဖလှယ်ရေးကို အားဖြည့်ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း Shehbaz က ထောက်ပြခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
巴基斯坦总理:中巴经济走廊是区域互联互通的基石
新华社伊斯兰堡2月3日电(记者杨恺)巴基斯坦总理夏巴兹3日说,中巴经济走廊是巴经济发展和区域互联互通的重要基石。
巴基斯坦总理办公室3日发表声明说,夏巴兹当天视察西南部俾路支省首府奎达时表示,中巴经济走廊的建设工作正在迅速推进,在塑造巴未来方面发挥着关键作用。
夏巴兹指出,中国援建的瓜达尔新国际机场已正式投入运营,这标志着俾路支省在加强区域互联互通上迈出了重要一步。与此同时,瓜达尔港具有广阔发展前景,有助于加强巴基斯坦与中亚、东南亚等地的交流。(完)
图说:当地时间2024年10月14日,国务院总理李强在巴基斯坦总理府同巴基斯坦总理夏巴兹共同出席瓜达尔新国际机场项目竣工仪式。 新华社记者 丁海涛 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.